၂၀၂၃-၂၀၂၄ ခုနှစ်တွေကို MSME ဖွံဖြိုးတိုးတက်သည့်နှစ်ဟု သတ်မှတ်ပြီး ပုဂ္ဂလိကလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နေ

0
188

၂၀၂၃-၂၀၂၄ ခုနှစ်များအား MSME ဖွံဖြိုးတိုးတက်သည့်နှစ်ဟု သတ်မှတ်ပြီး ပုဂ္ဂလိကလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောသည်။

အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်လာစေရန်ရည်ရွယ်ပြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် ဧရာဝတီဘဏ်တို့ပူးပေါင်းကျင်းပသည့် “ ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့”ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ MSME လုပ်ငန်းတွေဖွံဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်ကအားပေးပြီးတော့ လုပ်ဆောင်နေတာဖြစ်သလို ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ကတော့ ပုဂ္ဂလိကလုပ်ငန်းတွေတိုးတက်လာစေရန်အတွက် လုပ်ဆောင်ပေးနေတာပါ၊ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေဖြစ်တဲ့ MSME တွေ တိုးတက်ဖို့အခွင့်အလမ်းတွေက ဘာတွေလဲ၊ စိန်ခေါ်မှုတွေကဘာတွေလဲ၊ ဈေးကွက်အနေအထားတွေဘယ်လိုရှိလဲ၊ ဘယ်လိုပြောင်းလဲမှုတွေလုပ်ရင် MSME တိုးတက်လာမလဲ၊ အချင်းချင်း ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲ၊ နိုင်ငံတကာအဖွဲအစည်းတွေနဲ့ ဘယ်လိုဆက်သွယ်ဆောင်ရွက်မလဲ စတဲ့အချက်တွေကိုသိရှိစေဖို့အတွက် ဆွေးနွေးပွဲကို ကျင်းခြင်းဖြစ်ပါတယ်၊ MSME လုပ်ငန်းတွေတိုးတက်လာရင် ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီးတော့ရရှိလာမှာပါ ၊ ဒီအတွက်ကြောင့်လဲ အသင်းချုပ်နဲ့ ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီးဆောင်ရွက်နေသလို အခြားသောအသင်းအဖွဲ့တွေနဲ့လည်း ပူးပေါင်းဆောင်ရွက်နေပါတယ်၊  ၂၀၂၃-၂၀၂၄ ခုနှစ်တွေကို MSME ဖွံဖြိုးတိုးတက်တဲ့နှစ် သတ်မှတ်ပြီး ပုဂ္ဂလိကလုပ်ငန်းတိုးတက်အောင် ဆောင်ရွက်နေတာပါ”ဟု ၎င်းကပြောကြားခဲ့သည်။

ဆွေးနွေးပွဲတွင် ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဌ ဦးရဲမင်းအောင်က Moderator အဖြစ်ဦးဆောင်းပြီး City Holding Limited မှ ဦးဝင်းမြင့်အောင်၊ဧရာဝတီဘဏ်မှ ဦးနေလင်းထွဋ်၊Top-Cashew Nut &Cashew Brittlye မှ ဒေါ်အင်ကြင်းခိုင်၊ Myanmar Barcode Association မှ ဦးသန့်ဇော်ကိုတို့မှ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများဖွံဖြိုးတိုးတက်လာစေရန်အတွက် “ပြင်ဆင်ခြင်းမှသည် ဈေးကွက်ဝင်ရောက်ခြင်းဆီသို့” ခေါင်းစဉ်အောက်တွင် ချေးငွေနှင့်သက်ဆိုင်သည့်အချက်များ၊ MSME လုပ်ငန်းများတိုးတက်လာစေရန်အတွက် ဈေးကွက်နည်းပညာ ၊ စွမ်းဆောင်ရည်မြှင့်တင်ခြင်း၊ ဈေးကွက်ဖော်ဆောင်ခြင်းစသည်တို့အား ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် စီးပွားရေးလုပ်ငန်းရှင်များက သိလိုသည်များ ပြန်လည်မေးမြန်းခြင်း၊ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here