ဓာတ်ဆီတစ်လီတာ ၁၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၁၁၅ ကျပ် ကျဆင်းလာ

0
109

ယနေ့ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ ဓာတ်ဆီတစ်လီတာ ၁၄၀ ကျပ်နှင့် ဒီဇယ်တစ်လီတာ ၁၁၅ ကျပ်အထိ ကျဆင်းလာကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

မတ်လ (၁၆) ရက်နေ့စက်သုံးဆီဈေးနှုန်းမှာ  ၉၂ တစ်လီတာ ၂၁၅၀ ကျပ်၊ ၉၅ တစ်လီတာ ၂၂၃၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၃၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၁၅ ကျပ်ဖြစ်ပြီး ယနေ့တွင်  ဓာတ်ဆီ ၉၂ တစ်လီတာ ၂၀၁၀ ကျပ် ၊ ၉၅ တစ်လီတာ ၂၀၉၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၀၂၀ ကျပ် ၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၁၀၀ ကျပ် ဖြစ်ကာ ယမန်နေ့ထက်ကျဆင်းလာခြင်းဖြစ်သည်။

ပြည်တွင်းရှိ စက်သုံးဆီ ရောင်းချသူများအနေဖြင့် စက်သုံးဆီ ဈေးနှုန်းများကို  ဈေးကစားခြင်း ၊ သိုလှောင်ထားရှိခြင်းများ ၊ ဈေးတင်ရောင်းချခြင်းများ မပြုလုပ်ရန်နှင့် ယင်းသို ပြုလုပ်ပါက အရေးကြီးကုန်စည် ဥပဒေဖြင့် အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်းလည်းစက်သုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အသိပေးကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here