နိုင်ငံရေးပါတီများအနေဖြင့် ရန်ပုံငွေစာရင်းအား ချမှတ်စည်းမျည်းစည်းကမ်းများအတိုင်းလိုက်နာမှုမရှိပါက အရေးယူခံရမည်

0
125

နိုင်ငံရေးပါတီများ၏ ရန်ပုံငွေစာရင်းနှင့်ပတ် သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က သတင်းဌာနတစ်ခု၏ မေးမြန်းမှုအားပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၁၈ အရ UEC မှ နိုင်ငံရေးပါတီများ၏ ရန်ပုံငွေစာရင်းများအားစစ်ဆေးရာတွင် သက်ဆိုင်ရာပါတီများ သည် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်ထားခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊နည်းဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်သည်။

နိုင်ငံရေးပါတီများမှတ်ပုံတင်ရာတွင် ပါတီရန်ပုံ ငွေဘဏ်စာရင်းဖွင့်လှစ်ခြင်းအား နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပုဒ်မ ၅(ဆ)တွင် “ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေ ကျပ်သိန်း ၁၀၀၀၊ တိုင်း(သို့) ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီရန်ပုံငွေကျပ်သိန်း ၁၀၀ တို့အား မြန်မာ့စီးပွားရေးဘဏ်တစ်ခုခုတွင် ငွေစာရင်းဖွင့်လှစ်ပြီးကြောင်းအထောက်အထား”ကို UEC ထံတင်ပြရမည်ဖြစ်သည်။

ပါတီရန်ပုံငွေများအား ပါတီဝင်အင်အားစည်းရုံးခြင်း၊ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့်ရွေးကောက်ပွဲဆိုင်ရာများအတွက် ဘဏ္ဍာရေးစည်းမျဉ်းနှင့်အညီသုံးစွဲရမည်ဟုလည်း ပြဌာန်းထားသည်။

ထို့ပြင် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၇၊ နည်းဥပဒေ ၁၉ နှင့် ၂၂ ပါပြဋ္ဌာန်းချက်များနှင့်အညီ ဘဏ္ဍာရေးနှစ်အလိုက် ငွေစာရင်းရှင်းတမ်းရေးဆွဲခြင်း၊ပါတီတွင်းစာရင်းစစ်ကော် မတီဖြင့်စစ်ဆေးခြင်း၊ပါတီစည်းမျဉ်းစည်းကမ်းများနှင့်အညီ အတည်ပြုချက်ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ထားရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here