မြန်မာနိုင်ငံတွင် အာဆီယံ-ဂျပန် ဗဟိုဌာနအစီအ စဉ်ဖြင့် ၂၀၂၂ ခုနှစ်အတွင်း စီမံကိန်း(၆)ခုအား အကောင်အထည်ဖော်ဆောင်ရွက်ခဲ့

0
243

အာဆီယံ-ဂျပန်ဗဟိုဌာန (ASEAN-Japan Centre) ၏ (၄၂)ကြိမ်မြောက် ကောင်စီဒါရိုက်တာများ အစည်းအဝေးတွင် မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီးဦးစိုးဟန်က ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။

အစည်းအဝေးအား မတ် ၁၇ ရက်(ယနေ့)နေ့လည် ၁ နာရီခွဲက တိုကျိုမြို့၌ကျင်းပရာ ထိုင်းနိုင်ငံ ကောင်စီဒါရိုက်တာ၊စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန၊ညွှန်ကြားရေးမှူးချုပ် Mr. Phusit Ratanakul Sereroengrit မှ သဘာပတိအဖြစ်တာဝန်ယူခဲ့သည်။

မြန်မာနိုင်ငံတွင် အာဆီယံ-ဂျပန် ဗဟိုဌာနအစီအစဉ်ဖြင့် ၂၀၂၂ ခုနှစ်အတွင်း National Activities Projects အဖြစ်စီမံကိန်း(၃)ခု၊ကုန်သွယ်မှုနှင့်ရင်း နှီးမြှုပ်နှံမှုခေါင်းစဉ်အောက်မှစီမံကိန်း(၂)ခု၊စွမ်းဆောင်ရည်မြှင့်တင်ရေးခေါင်းစဉ်အောက်မှ စီမံကိန်း (၁)ခု(စုစုပေါင်း စီမံကိန်း ၆ ခု)အား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်ဟု မြန်မာကောင်စီဒါရိုက်တာ သံအမတ်ကြီးဦးစိုးဟန်က ဆွေးနွေးပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မည့် အာဆီယံ-ဂျပန် ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်မှု နှစ်(၅၀) ပြည့်အထိမ်းအမှတ်လှုပ်ရှားမှုများနှင့်စီမံကိန်းများတွင်လည်း မြန်မာနိုင်ငံမှ တက်ကြွစွာ ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ဆွေးနွေးပြောကြားခဲ့သည်။

အစည်းအဝေးတွင် တက်ရောက်လာကြသူများက အာဆီယံ-ဂျပန်ဗဟိုဌာနအနေဖြင့် ၂၀၂၂ ခုနှစ် ဘ ဏ္ဍာရေးနှစ်အတွင်း အကောင်အထည် ဖော်ဆောင်ရွက်ခဲ့သည့်စီမံကိန်းများနှင့်လှုပ်ရှားမှုများ၊ ၂၀၂၃ ခုနှစ်အတွင်းကျရောက်မည့် အာဆီယံ-ဂျပန် ချစ် ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး နှစ်(၅၀) ပြည့် အထိမ်းအမှတ်အဖြစ်ဆောင်ရွက်မည့် အစီအစဉ်များကိုလည်း ဆွေးနွေးခဲ့ကြသည်။

၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းများနှင့်လှုပ်ရှားမှုများ၊ဘဏ္ဍာရေးဆိုင်ရာများနှင့်အာဆီယံ-ဂျပန်ဗဟိုဌာန ပြုပြင် ပြောင်းလဲရေးအတွက်ဆောင်ရွက်နေမှုများကိုလည်းပါဝင်သည်။

အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ဂျပန်နိုင်ငံတို့မှကောင်စီဒါရိုက်တာများ၊အာဆီယံ-ဂျပန်ဗဟိုဌာန အတွင်းရေးမှူးချုပ် Dr. Kunihiko Hirabayashi နှင့် ဘာသာရပ်တာဝန်ခံများတက်ရောက်ခဲ့ကြပြီး မလေးရှားနိုင်ငံကောင်စီဒါရိုက်တာမှလည်း Online စနစ်ဖြင့်တက်ရောက်ခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here