တရုတ်၊အီရန်နှင့်ရုရှားတို့ အိုမန်ပင်လယ်ကွေ့၌ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုစတင်

0
187

​တေရန်၊မတ် ၁၇

တရုတ်၊ အီရန်နှင့်ရုရှားတို့သည် အိုမန်ပင်လယ်ကွေ့တွင် ငါးရက်ကြာမည့် သုံးနိုင်ငံရေတပ်စစ်ရေးလေ့ကျင့်မှုကို ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည်။

သုံးနိုင်ငံ ရေကြောင်းစစ်ရေးလေ့ကျင့်မှု Security Belt – 2023 သည် တနင်္ဂနွေနေ့တွင် ပြီးဆုံးမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“Security Belt – 2023 စစ်ရေးလေ့ကျင့်မှုသည် ပါဝင်သောနိုင်ငံများ၏ ရေတပ်များကြား လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားစေခြင်း၊ရေကြောင်းလုံခြုံရေးကို ပူးတွဲကာကွယ်ရန်အတွက် ၎င်းတို့၏ စွမ်းရည်ကိုပိုမိုပြသနိုင်‌ခြင်းစသဖြင့် အပြုသဘောဆောင်မှုများဖြစ်ပေါ်စေပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးရှိရန်အတွက်ပါရည်ရွယ်သည်” ဟု တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

“မတ်လ ၁၈ ရက်၊ ရုရှား၊တရုတ်နှင့်အီရန် ရေတပ်စစ်ရေးလေ့ကျင့်မှု ‘Security Belt – 2023’ ပြီးသွားပါက သုံးနိုင်ငံသင်္ဘောသားများသည် ၎င်းတို့၏ ပူးတွဲလုပ်ဆောင်မှုရလဒ်များကို ခြုံငုံသုံးသပ်သွားမည်ဖြစ်သည်။

Source : ခမာတိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here