ရန်ကင်းတွင် TOYOTA Belta ကားတစ်စီးဝါယာရှော့ကြောင့်မီးလောင်

0
153

ယမန်နေ့ည ၉ နာရီ ၄၉ မိနစ်ခန့်က TOYOTA Belta(အနက်ရောင်)ကားသည် မောင်းနှင်လာစဥ် ဝါယာရှော့ဖြစ်၍ ရန်ကင်းမြို့နယ်၊အမှတ်(၁၄) ရပ်ကွက်၊ကျောက်ကုန်းလမ်းအရောက် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်မေတ္တာအလင်းလူမှုကူညီရေးအသင်းတို့မှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၉ နာရီ ၅၂ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“ဝါယာရှော့ဖြစ်ပြီးမီးလောင်တာပါ ကျွန်မတို့ကမီးလောင်တဲ့သတင်းကြားတာနဲ့သွားပြီးငြှိမ်းတဲ့အချိန် ကားမောင်းတဲ့လူတစ်ယောက်ကိုပဲတွေ့ရပါတယ် သူကတော့ဘာမှမဖြစ်ပါဘူး ကားပဲမီးလောင်သွားတာပါ”ဟု မေတ္တာအလင်းလူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here