One Championship ပွဲဦးထွက်မှာ အလဲထိုးနဲ့အနိုင်ရခဲ့တဲ့ ထွန်းထွန်းမင်းရဲ့ညီ ထွန်းမင်းနိုင်

0
278

ထွန်းထွန်းမင်းရဲ့ညီဖြစ််တဲ့ ထွန်းမင်းနိုင်ခေါ် Suleiman ဟာ သူ့ရဲ့ One Championship ပွဲဦးထွက်မှာ အလဲထိုးနဲ့အနိုင်ရခဲ့ပါတယ်။

မနေ့ညက ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ One Championship ပွဲစဉ်မှာ မြန်မာကိုယ်စားပြုအဖြစ်ထိုးသတ်ခဲ့တဲ့ ထွန်းမင်းနိုင်ဟာ ထိုင်းနိုင်ငံသား မွေထိုင်းဖိုက်တာကို ဒုတိယအချီမှာပဲ အလဲထိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

“ကျနော့်ကိုမြန်မာနိင်ငံကအားပေးတဲ့ ပရိသတ်တွေနဲ့ ရုံထိလာရောက်အားပေးတဲ့ ပရိသတ်တွေကို ကျေးဇူးအများကြီးတင်ပါတယ်။ ကျနော်အများကြီးကြိုးစားရအုံးမယ်၊ မြန်မာနိင်ငံကိုစားပြုအနေနဲ့ပွဲဦးထွက်မှာနိင်လို့အရမ်းကိုဝမ်သာပါတယ်” ဟု ထွန်းမင်းနိုင်ကပြောပါတယ်။

ထွန်းမင်းနိုင်၏အစ်ကို လက်ဝှေ့ချန်ပီယံ ထွန်းထွန်းမင်းကလည်း “ဂုဏ်ယူပါတယ်ညီလေး မြန်မာ့လက်ဝှေ့အတွေ့ကြုံကြောင့် ဒိီပွဲမှာလွယ်လွယ်ကူကူအနိုင်ရခဲ့တာပါ၊ ဒိိီထက်မကအောင်မြင်မယ်လို့ယုံကြည်ပါတယ်ညီလေး” လို့ အားပေးစကားပြောထားပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here