တစ်ဦးလျှင် ၅သိန်းနှုန်းဖြင့်ကျောင်းသား၊ကျောင်းသူ ၁၁၁ ဦး ပေါက်ဖော်ပညာသင်ဆုတနှစ်စာရရှိ

0
110

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် Naypyitaw State Academy ၏ ဘာသာရပ် ၁၂ ခုမှ ကျောင်းသား၊ကျောင်းသူ ၁၁၁ ဦးအား မတ် ၁၇ ရက်နံနက်ပိုင်းက ပေါက်ဖော်ပညာသင်ဆုချီးမြှင့်ခဲ့သည်။

Alibaba Philanthropy ၏ ငွေကြေးထည့်ဝင်မှုဖြင့် Naypyi-taw State Academy မှ ကျောင်းသား၊ကျောင်းသူ ၁၁၁ ဦးအား ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာသင်ဆုအဖြစ် တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myanmar Office)မှ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်း၊ CFRD မှ Country Director Ms. Lin Yuan၊အဆင့်မြင့်ပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းဇော်ဦး၊ CFRD မှ Program Manager Ms. Lu Tao၊ Naypyitaw State Academy မှ ဒု-ပါမောက္ခချုပ်(စီမံ)ဒေါက်တာနုနုလွင်နှင့် CFRD မှ Program Manager Ms. Yan Tianjia တို့က ပေါက်ဖော်ပညာသင်ဆုများအား ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myanmar Office)သည် မြန်မာနိုင်ငံပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် ၂၀၁၅ ခုနှစ်မှစတင်၍ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဦးစီးဌာနများနှင့်ပူးပေါင်းကာ Paukphaw Scho-larship Project ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး တက္ကသိုလ် ၁၄ ခုမှ ကျောင်းသား၊ကျောင်းသူ ၁၃၄၈ ဦးအား ပညာသင်ဆုများချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်သည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်လည်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ရန်ကုန်ပညာရေးတက္က သိုလ်၊ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ဒဂုံတက္ကသိုလ်နှင့် Naypyitaw State Academy တို့မှ ကျောင်းသား၊ကျောင်းသူ ၈၀၀ ဦးအား တစ်ဦးလျှင်ငွေကျပ် ၅၀၀၀၀၀ နှုန်းဖြင့် ပညာသင်နှစ်တစ်နှစ်စာအတွက် ပညာသင်ဆုများချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံဆိုင်ရာ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးဖောင်ဒေးရှင်း မြန်မာနိုင်ငံဆိုင်ရာရုံး(CFPA Myan-mar Office)သည် မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်၊ဇူလိုင်လမှစတင်ကာ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့်အခြေခံပညာဦးစီး ဌာနတို့၏ ခွင့်ပြုချက်အရ Bank of China (BOC) Scholarship Program၊ Paukphaw ပညာသင်ဆုစီမံကိန်း၊ တရုတ်-မြန်မာချစ်ကြည်ရေးပညာသင်ဆုစီမံကိန်း၊ Panda Pack စီမံကိန်း၊ Smiling Children စီမံကိန်း၊ WASH စီမံကိန်း၊ ကိုဗစ်(၁၉) အထောက်အကူပြုပစ္စည်းများလှူဒါန်းခြင်းစီမံကိန်း၊ စက်ဘီးလှူဒါန်းခြင်းစီမံကိန်း၊ ဆိုလာမီးအိမ်များလှူဒါန်းခြင်းစီမံကိန်း စသည့်စီမံကိန်း ၁၄ ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here