အသက်(၅၀)နှစ်ရှိ ခရီးသည်အမျိုးသမီးကြီးသယ်လာသည့် ငွေကျပ်သိန်း ၁၀၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများဖမ်းမိ

0
153

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မတ် ၁၅ ရက်ညနေက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ညနေ ၄ နာရီက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် မိုးညှင်းမြို့နယ်၊နန့်စီးအောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မန္တလေးမြို့ဘက်မှမြစ်ကြီးနားမြို့ဘက်သို့ မောင်းလာသည့် ခရီးသည်တင်ကားအား စစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင်လိုက်လာသည့် ခရီးသည် ဒေါ်မာအေး(၅၀)နှစ်တင်လာသော ဆာလာအိတ်များအတွင်းရှိ ဆပ်ပြာခွက်များထဲ၌ထည့်ထားသည့် ငွေကျပ် ၁၀၇၅ ဒသမ ၅ သိန်းတန်ဖိုးရှိ ဘိန်းဖြူ(၄ ဒသမ ၂၉ ကီလို)အား ဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှသိရသည်။

ထို့ကြောင့် ဘိန်းဖြူများသယ်ဆောင်လာသူအား မိုးညှင်းမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here