ထိုင်း၌အဖမ်းခံထားရ​သောမြန်မာနိုင်ငံသား ၁၃၁ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့်ပြန်လည်ဝင်ရောက်လာ

0
197

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက်ပြစ်ဒဏ်စေ့၍ လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား ၁၃၁ ဦး ကော့သောင်းနယ်စပ်ဂိတ်မှတဆင့် မတ် ၁၇ ရက်မွန်းလွဲပိုင်းက ပြန်လည်ဝင်ရောက်လာခဲ့သည်။

မြန်မာနိုင်ငံသား အမျိုးသား ၉၉ ဦး၊အမျိုးသမီး ၃၂ ဦး(စုစုပေါင်း ၁၃၁ ဦး)တို့အား ထိုင်းနိုင်ငံတာဝန်ရှိသူများက ရနောင်းမြို့မှတဆင့် စက်လှေများဖြင့် ကော့သောင်းမြို့တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအား ကော့သောင်းခရိုင်၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ကျန်းမာရေးဌာနနှင့်ဌာနဆိုင်ရာများမှတာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြသည်။

ထို့အတူ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်(၁၉)ရောဂါကူးစက်ခံထားရသူရှိ/မရှိစစ်ဆေးခြင်း၊မြန်မာနိုင်ငံသား ဟုတ်/မဟုတ်စစ်ဆေးခြင်း၊မူးယစ်ဆေးဝါးများသယ်ဆောင်လာခြင်းရှိ/မရှိစစ်ဆေးခြင်းတို့အားပြုလုပ်၍ လိုအပ်သည့်ကူညီထောက်ပံ့မှုများပြုလုပ်ပေးခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများအနက် ကိုဗစ်(၁၉) ရောဂါပိုးတွေ့ရှိသူများအား အသွားအလာကန့်သတ်စောင့်ကြည့်သွားမည်ဖြစ်ပြီး ရောဂါပိုးမတွေ့ရှိသူများအား နေရပ်များသို့ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here