ကြော်ငြာဘုတ်တိုင် ဌားလိုသည့် လျှောက်လွှာရှစ်​ထောင်​ကျော်ထဲမှ မဲနှိုက်ရွေးချယ်ငှားရမ်း​ပေး

0
132

ရန်ကုန်မြို့တော်စည်ပင်ပိုင်(၄၅ x  ၁၅)ပေ ကြော်ငြာဘုတ်တိုင် (၃၈၀) တိုင်ကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ဌားရမ်းခွင့်ရသူများအား မတ် ၁၅ ရက်၊ ၁၆ ရက်နှင့် ၁၇ ရက်တို့က မဲနှိုက်ရွေးချယ်ခဲ့သည်။

ကြော်ငြာဘုတ်တိုင်များအား အဌားချထားရန် အုပ်စု ၅ စုခွဲ၍ လျှောက်လွှာများအားလက်ခံခဲ့ရာ ရှိရင်းဖြစ်သည့် ကြော်ငြာဘုတ်တိုင် ၃၈၀ အနက် ကြော်ငြာဘုတ်တိုင် ၁၄၈ တိုင်အား ဌားရမ်းလုပ်ကိုင်ရန် လျှောက်လွှာပေါင်း ၈၀၃၃ စောင်အား လက်ခံရရှိခဲ့သည်။

လျှောက်လွှာအရေအတွက် အနည်းအများပေါ်မူတည်၍ အုပ်စု(A)တွင်ကြော်ငြာဘုတ်တိုင် ၁ မှ ၁၀၀ အတွင်း ၄၈ တိုင်၊ ၁၀၁ မှ ၂၀၀ အတွင်း ၉ တိုင်နှင့် ၂၀၁ မှ ၃၀၀ အတွင်း ၁၂ တိုင်၊အုပ်စု(B) တွင် ကြော်ငြာဘုတ်တိုင် ၁ မှ ၁၀၀ အတွင်း ၂၉ တိုင်၊ ၁၀၁ မှ ၂၀၀ အတွင်း ၁ တိုင်၊အုပ်စု(C)တွင် ကြော်ငြာဘုတ်တိုင် ၁ မှ ၁၀၀ အတွင်း ၂၀ တိုင်၊အုပ်စု(D)တွင် ကြော်ငြာဘုတ်တိုင် ၁ မှ ၁၀၀ အတွင်း ၂၅ တိုင်နှင့်အုပ်စု(E)တွင် ကြော်ငြာဘုတ်တိုင် ၁ မှ ၁၀၀ အတွင်း ၄ တိုင်တို့အား မဲနှိုက်ရွေးချယ်ပေးခဲ့သည်။

ငှားရမ်းလုပ်ကိုင်ခွင့်ရရှိသူများအား ကြော်ငြာဘုတ်အဌားချထားခြင်း စည်းကမ်းချက်များနှင့်အညီ  မတ် ၃၁ ရက်နောက်ဆုံးထား၍ အငှားချထားခြင်းလုပ်ငန်းသဘောတူစာချုပ်များ ချုပ်ဆိုငှားရမ်းသွားမည်ဖြစ်သည်။

ထို့ကြောင့် ဌားရမ်းလုပ်ကိုင်ခွင့်ရသူများအား လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်နိုင်ရန် ကြော်ငြာဘုတ်တိုင်တစ်တိုင်ချင်းစီအလိုက် အမည်စာရင်းနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here