နေ့ညမပြတ် သတင်းတင်ဆက်ပေးမယ့် လူနဲ့တူတဲ့ ဒစ်ဂျစ်တယ် သတင်းကြေညာသူအသစ်ကို တရုတ် ပွဲထုတ်လာ

0
159

တရုတ်အစိုးရပိုင် သတင်းဌာနဖြစ်တဲ့ ပြည်သူ့နေ့စဥ်ဟာ ရန် ရှောင်းရုံ လို့အမည်ရတဲ့ လူကဖန်တီးထားတဲ့ ဒစ်ဂျစ်တယ် သတင်းကြေညာသူအသစ်ကို မကြာသေးမီကမှ ပွဲထုတ်ပြသခဲ့ပါတယ်။

ရှောင်းရုံဟာ ပြည်သူ့နေ့စဥ်သတင်းကြေညာသူအဖွဲ့ရဲ့ အဖွဲ့ဝင်အသစ်ဖြစ်ပြီး သတင်းတွေကို နေ့ညမပြတ်၊ တစ်နှစ်ပတ်လုံး မရပ်မနား တင်ဆက်ပေးနိုင်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပြည်သူ့နေ့စဥ်မှာ တင်ခဲ့တဲ့ ဗီဒီယိုတစ်ပုဒ်မှာ ရှောင်းရုံက သူဟာ အေအိုင်အခြေပြု ကွန်ပြူတာ ပရိုဂရမ်တစ်ခုဖြစ်ပြီး ထောင်နဲ့ချီတဲ့ သတင်းကြေညာသူတွေဆီကနေ သတင်းကြေညာတဲ့ အတတ်ပညာကို သင်ယူထားပါတယ်လို့ ပြောပြီး မိတ်ဆက်ခဲ့ပါတယ်။ ကြည့်ရှုသူတွေရဲ့ အကြံပြုချက်တွေကို နားထောင်ပြီး ကိုယ့်ကိုယ်ကို အမြဲ တိုးတက်အောင် လုပ်နိုင်တယ်လို့လည်း ရှောင်းရုံက ပြောထားပါတယ်။

ဘယ်သူမဆို ပြည်သူ့နေ့စဥ် အက်ပလီကေးရှင်းကို သုံးပြီး ရှောင်းရုံကို ပညာရေး၊ ကူးစက်ရောဂါ ကာကွယ်ရေး၊ အလုပ်အကိုင်၊ သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးနဲ့ အခြား အကြောင်းအရာမျိုးစုံနဲ့ ပတ်သက်တဲ့ သတင်းတွေ မေးနိုင်ပါတယ်။

ဒါပေမယ့် ရန် ရှောင်းရုံဟာ တရုတ်နိုင်ငံရဲ့ ပထမဆုံး လူလုပ် ဒီဂျစ်တယ် သတင်းကြေညာသူ မဟုတ်ပါဘူး။ လူလုပ် သတင်းကြေညာသူကို ဆင်ဟွာ သတင်းဌာနက ၂၀၁၈ ခုနှစ်မှာ ပထမဆုံး မိတ်ဆက်ခဲ့တာပါ။ တောင်ကိုရီးယားမှာလည်း တရုတ်လိုမျိုး သတင်းကြေညာသူတစ်ယောက် ရှိပေမယ့် ဒီလူလုပ် သတင်းကြေညာသူတွေဟာ လူတွေကို အစားထိုးနိုင်တဲ့ အဆင့်ထိတော့ မရောက်ရှိသေးပါဘူး။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here