ပြည်သူ့အလုပ်သမားပါတီနှင့် အာခါ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့ ပါတီမှတ်ပုံတင်လျှောက်ထား

0
280

ပြည်သူ့အလုပ်သမားပါတီနှင့် အာခါ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၂၅ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသည်။

အဆိုပါ ပါတီနှစ်ခုသည် မတ်လ (၁၇) ရက်တွင် မှတ်ပုံတင်လျှောက်ထားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ဖေဖော်ဝါရီလ (၁) ရက်မှ မတ်လ (၁၇) ရက်အထိ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ စုစုပေါင်း (၂၉) ပါတီရှိပြီဖြစ်သည်။ထိုအထဲတွင် ဆက်လက် တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၂၃ ပါတီနှင့် အသစ်တည်ထောင်ခွင့်လျှောက်သည့်ပါတီ ၆ ပါတီရှိကြောင်း သိရသည်။

ယင်းမှ ပြည်ထောင်စုတစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ၇ ပါတီနှင့် တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်တစ်ခုအတွင်းမှာပင် စည်းရုံးမည့်ပါတီ ၂၂ ပါတီရှိကြောင်းထုတ်ပြန်ထားသည်။

လက်ရှိတွင်
၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊
၂။ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊
၃။ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊
၄။ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊
၅။ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO)၊
၆။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊
၇။ ဒီမိုကရေစီပါတီသစ်(ကချင်) ၊
၈။ ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊
၉။ အမျိုးသားဒီမိုကရေစီပါတီသစ်၊
၁၀။ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊
၁၁။ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊
၁၂။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊
၁၃။ ရခိုင့်ဦးဆောင်ပါတီ၊
၁၄။ ပြည်သူ့အင်အားပါတီ၊
၁၅။ ဝံသာနုပါတီ၊
၁၆။ ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP)၊
၁၇။ ဒီမိုကရက်တစ်ပါတီ၊
၁၈။ လီဆူအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)၊
၁၉။ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများ ဖွံဖြိုးတိုးတက်ရေးပါတီ၊
၂၀။ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ [Shan-Ni Solidarity Party (S.S.P)] ၊
၂၁။ လူထုပါတီ (The Party for People) ၊
၂၂။ ခမီအမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ၊
၂၃။ ညီညွတ်သောတိုင်းရင်းသားလူမျိုးများဒီမိုကရေစီပါတီ(UNDP)၊
၂၄။ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ၊
၂၅။ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊
၂၆။ မွန်ညီညွတ်ရေးပါတီ၊
၂၇။ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံဖြိုးတိုးတက်ရေးပါတီ၊
၂၈။ ပြည်သူ့အလုပ်သမားပါတီနှင့်
၂၉။ အာခါ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီတို့ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here