လားရှိုးမြို့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ပြေးတက်/ပြေးဆင်းတွင် Light Truck ကားနှင့်ဆိုင်ကယ်တိုက် ဆိုင်ကယ်မောင်းသူပြင်းထန်ဒဏ်ရာရ

0
119

ရှမ်းပြည်နယ်၊လားရှိုးမြို့ရှိ လားရှိုး-သီပေါသွား ပြည်ထောင်စုလမ်းမကြီးပေါ် ပြေးတက်/ပြေးဆင်းနေရာတွင် မတ် ၁၈ ရက်(ယနေ့)နံနက်ကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၁၁ နာရီခွဲခန့်က ပြေးတက်/ပြေးဆင်းနေရာတွင် Light Truck ကားနှင့်အမျိုးသားတစ်ဦးတည်းစီးလာသည့် ဆိုင်ကယ်တို့တိုက်မိခဲ့ခြင်းဖြစ်သည်။

ဖြစ်စဥ်‌ကြောင့် အမည်၊အသက်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)ဆိုင်ကယ်မောင်းသူတွင် ထိခိုက်ဒဏ်ရာများ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ယာဥ်ထိန်းတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ လားရှိုးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာရတဲ့လူနာက သတိရတချက်မရတချက်ဖြစ်နေတယ်။အဲဒီတော့သူ့နာမည်နဲ့နေရပ်လိပ်စာကိုစုံစမ်းလို့မရသေးဘူး။ကျွန်တော်တို့က ဒဏ်ရာရတဲ့လူက်ု လားရှိုးပြည်သူ့ဆေးရုံအရေးပေါ်ဌာနကိုအရင်ပို့တယ်။ ပြီးတော့မှ ခွဲစိတ်ဆောင်ကိုထပ်ပို့ပေးခဲ့ပါတယ် ။တိုက်မိတဲ့ကားက Light Truck ကားပါ၊ ကားသမားကမောင်းပြေးတာမရှိပါဘူး အခင်းဖြစ်နေရာမှာပဲရှိပါတယ်”ဟု လားရှိုးလူငယ်များလူမှုကူညီရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here