ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့မှု ယမန်နှစ်ထက် အမေရိကန်ဒေါ်လာ သန်း ၆၀ ကျော်လျော့​နေ​သေး

0
202

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ဧပြီလ ၁ ရက်မှ မတ်လ ၁၀ ရက်အထိ ပြည်ပသို့ရေထွက်ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၀၈ ဒသမ ၀၃ သန်းကျော်ရရှိခဲ့ပြီး ယမန်နှစ်ထက် သန်း ၆၀ကျော်လျော့ကျခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြည်ပသို့ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၆၈ ဒသမ ၂၂ သန်းကျော် ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများကို ပုံမှန်ကုန်သွယ်ရေး Normal Trade နှင့် နယ်စပ်ကုန်သွယ်ရေး Border Trade လမ်းကြောင်းများမှ တစ်ဆင့် ပြည်ပနိုင်ငံတွေကို တင်ပို့နေခြင်းဖြစ်ပြီး လက်ရှိအခြေအနေတွင် ပြည်ပရေထွက်ကုန်တင်ပို့မှုသည် ပုံမှန်အတိုင်း တင်ပို့နသော်လည်း ကိုဗစ်ကာလမတိုင်ခင်အခြေအနေကို ပြန်လည်မရောက်ရှိသေးသည့်အတွက် တင်ပို့မှုလျာ့ကျနေဆဲဖြစ်ကြောင်း သိရသည်။

မြန်မာ့ရေထွက်ကုန်ကို ပုံမှန်ကုန်သွယ်ရေးအဖြစ် ဂျပန်နှင့် ဥရောပနိုင်ငံများသို့ပို့​နေပြီး တရုတ်၊ ထိုင်းနှင့် အိမ်နီးချင်းနိုင်ငံများသို့ မူဆယ်၊ မြဝတီ၊ ကော့သောင်း၊ စစ်တွေ၊ မြိတ်၊ မောင်တော နယ်စပ်ကုန်သွယ်ရေးစခန်းမှလည်း ငါး၊ ပုဇွန်၊ ဂဏန်း စသည့်ရေထွက်ကုန်တွေကို ပုံမှန်တင်ပို့နေခြင်းဖြစ်သည်။

မြန်မာတစ်နိုင်ငံလုံးတွင် ငါးနှင့်ပုဇွန် မွေးမြူသည့် ကန်ပေါင်း (၄၈၀,၀၀၀) ရှိသည့်အပြင်  အအေးခန်းသိုလှောင်ရုံပေါင်း  (၁၂၀) ကျော်ရှိကြောင်း၊ ပြည်ပသို့ ငါးတင်ပို့မှုတွင် ငါးသလောက်၊ ကတ်ကတစ်၊ ငါးမြစ်ချင်း၊ ငါးခုံးမ၊ ငါးတန်စသည့်အမျိုးအစား ၈၀ ကျော်နှင့် ငါးခြောက်မျိုးစုံကို တင်ပို့လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here