လှိုင်မြစ်အတွင်း စားသောက်ကုန်များတင်ဆောင်လာသည့် သင်္ဘောတစ်စင်း တိမ်းမှောက်မှုဖြစ်ပွား

0
193

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြစ်အတွင်း စားသောက်ကုန်များတင်ဆောင်လာသည့် သင်္ဘောတစ်စင်း တိမ်းမှောက်မှုယနေ့ ညနေပိုင်းက တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ကနဦး သတင်းရရှိသည်။

” စားသောက်ကုန်တွေတင်လာတဲ့ သင်္ဘော ဘုရင့်နောင်မှာတင်နေရင်းနဲ့ ရေကြောင်း အခြေအနေကြောင့် မှောက်သွားတာပါ၊ မှောက်ပြီးတော့ ရွှေပြည်သာဘက်ကိုမျောလာတာ၊ အခုလောလောဆယ်တော့ ရွှေပြည်သာတံတားနားမှာ မမြုပ်သေးဘဲရှိနေပါတယ်၊ လူထိခိုက်မှုတော့မရှိပါဘူး” ဟု ကနောင်နာရေး၊ရှင်ရေးကူညီမှုအသင်းမှ တာ၀န်ရှိသူတစ်ဦးက ပေါ်ပြူလာနယူး(စ်) သို့ပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်မှုမရှိခဲ့ဘဲ သင်္ဘောမှာ မြိတ်မြို့သို့ သွားမည့် သင်္ဘောဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ – ကနောင်နာရေး၊ရှင်ရေးကူညီမှုအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here