“နိုင်ငံကျော်ပန်းချီဆရာကြီးဦးစိန်အောင်၏ပန်းချီပြပွဲ”

0
343

“Emerging of the Hidden Diamond”

ပန်းချီဆရာကြီးဦးစိန်အောင်အား ၁၉၅၁ တွက်မွေးဖွားခဲ့ပြီး မြန်မာနိုင်ငံ၏ ထိပ်တန်းပန်းချီဆရာကြီးများထံတွင် ပညာသင်ကြားခဲ့ရုံမက နာမည်ကြီးပန်းချီဆရာများကိုပါ မွေးထုတ်ပေးခဲ့သော ဆရာတစ်ယောက်ပင်ဖြစ်သည်။

၂၀၀၀ ခုနှစ်တစ်ဝိုက်တွင် ဆရာစိန်အောင်သည် တပည့်များနှင့်အတူ ကားကြီးများဖြင့် မြန်မာနိုင်ငံတဝှမ်း ခရီးထွက်ကာ မြန်မာ့ဓလေ့ တိုင်းရင်းသားဓလေ့များကို လေ့လာရှာဖွေဖော်ထုတ် စုဆောင်းပြီး ရရှိခဲ့သော Subject များကို ၁၀နှစ်တာ ပုံဖော်ရေးဆွဲနေခဲ့သည်။

ထိုကြိုးပမ်းအားထုတ်မှုများကို အနားသတ်ထားပြီးနောက် ရရှိလာသော အနုပညာလက်ရာများကို တခမ်းတနား ပြသမည့်ပွဲလည်းဖြစ်သည်။

Academic ရေးဟန်များအပြည့်နှင့် အပူအအေး အလင်းအမှောင်တို့ကို အသားပေးရေးဆွဲထားသော အနုပညာလက်ရာ ၃၅ ကားကို ပြသသွားမည်ဖြစ်၍လက်မလွတ်တမ်းလာရောက်ကြည့်ရှုကြဖို့ ဖိတ်ကြားအပ်ပါသည်။

ရန်ကုန်မြို့၊ကမာရွတ်မြို့နယ်၊ပြည်လမ်း၊အမှတ်-၅၈၇၌
{လှည်းတန်းကုန်းကျော်တံတားနှင့်မာလာမှတ်တိုင်ကြား ၊CBဘဏ် အပေါ်၊ဒုတိယထပ်}မတ်လ ၁၈ရက် မှ ၃၁ရက်နေ့ထိနေ့စဉ်နံနက်၉နာရီ မှ ညနေ၆နာရီအထိပြသထားမည်ဖြစ်သည်။

KMW


LEAVE A REPLY

Please enter your comment!
Please enter your name here