လျှိုကျိုးမြို့မှစီးပွားရေးလုပ်ငန်းရှင်များကမြန်မာ၌ ကုန်သွယ်​ရေးနှင့်ရင်းနှီးမြုပ်နှံမူ မူဝါဒများနှင့်အလားအလာတို့ကို စိတ်ဝင်စား​နေ

0
134

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသည့် တရုတ်နိုင်ငံ၊ကွမ်ရှီးဒေသ၊လျှိုကျိုးမြို့မှစီးပွားရေးလုပ်ငန်းရှင်များက နန်နင်းမြို့၊မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန်ချုပ်ဦးကျော်စိုးသိန်းနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

မြန်မာကောင်စစ်ဝန်ချုပ်အား လျှိုကျိုးနိုင်ငံခြားရေးရုံးမှ ဒု- ညွှန်ကြားရေးမှူး Mr. Wu Qijun နှင့်လျှိုကျိုးမြို့ကုမ္ပဏီများနှင့်စီးပွားရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ၁၄ ဦးတို့က မတ် ၁၆ ရက်မွန်းလွဲ ၂ နာရီက လာရောက်တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ဈေးကွက်အခြေအနေ၊သွင်းကုန်/ပို့ကုန်တင်ပို့နိုင်မှုအခြေအနေနှင့်မူဝါဒများ၊သတ္တု တွင်းလုပ်ငန်းဆိုင်ရာအခြေအနေနှင့်မူဝါဒများ၊နည်းပညာကုမ္ပဏီများ၊သွင်းကုန်/ပို့ကုန် ကုမ္ပဏီများတည်ထောင်လုပ်ကိုင်နိုင်မှုအခြေအနေ၊ရင်းနှီးမြှုပ်နှံမှုမူဝါဒနှင့်အခွင့်အလမ်းများအား လျှိုကျိုးမြို့မှ စီးပွားရေးလုပ်ငန်းရှင်များက မေးမြန်းခဲ့ကြသည်။

မြန်မာကောင်စစ်ဝန်ချုပ်က ပြန်လည်ဖြေကြားခဲ့ပြီးနောက် အခြားပူးပေါင်းဆောင်ရွက်နိုင်မည့် သီလဝါဆိပ်ကမ်းစက်မှုဇုန်၊စွမ်းအင်သစ်သုံးမော်တော်ယာဉ်ကဏ္ဍနှင့်အလားအလာများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ၊ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာမူဝါဒများ၊သီလဝါအထူးစက်မှုဇုန်ဆိုင်ရာအချက်အလက်များ၊မြန်မာ့ကျောက်မျက်ပြပွဲဆိုင်ရာ အချက်အလက်များနှင့်မြန်မာနိုင်ငံမှ ဆန်၊ဆန်ကွဲ၊ရေထွက်ပစ္စည်းများ၊သတ္တုတွင်းထွက်များနှင့်ဆေးဖက်ဝင်အပင်များ တင်ပို့ရောင်းချသည့် ကုမ္ပဏီများနှင့်လုပ်ငန်းရှင်များ၏ ဆက်သွယ်ဆောင်ရွက်နိုင်မည့် အချက်အလက်များကို မြန်မာကောင်စစ်ဝန်ချုပ်ကဖြန့်ဝေပေးခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here