ရေတွင်းတူးရာမှ အောက်ဆီဂျင်ပြတ်ပြီး အမျိုးသား (၃) ဦးသေဆုံးမှု ဟိုပန်မြို့တွင်ဖြစ်ပွား

0
148

ရှမ်းပြည်နယ်၊ ဟိုပန်မြို့နယ်တွင် ရေတွင်းတူးရာမှ အောက်ဆီဂျင်ပြတ်ပြီး အမျိုးသား (၃) ဦးသေဆုံးမှု ယနေ့၊ မတ်လ ၁၈ရက်​နေ့ ​နေ့လယ် ၂နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။

ဟိုပန်မြို့၊ မန်ခိုင်ရပ်ကွက်၊ ကွင်းအမှတ်(၂/မန်မိုင်ကွင်း)တွင် ဖြစ်ပွားခဲ့ပြီး ဟိုပန်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သူနာတင်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထိုအမျိုးသားများအားရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

” သူတို့က ရေတွင်းဆင်းတူးရင်းနဲ့ အောက်ဆီဂျင်ပြတ်သွားတာလို့ သိရတယ်၊ ‌ကျွန်တော်တို့အဖွဲ့ရောက်တဲ့အချိန်မှာ သတိမေ့နေပြီ၊ အချိန်မှီကယ်ဆယ်နိုင်ဖို့ လုပ်ခဲ့ပေမယ့် ဆုံးပါးသွားပါတယ်” ဟု ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါ၀င်ခဲ့သူတစ်ဦးကပြောသည်။

ထို့ကြောင့် ကျား(၃)ဦး (သေဆုံး) အား “ဝ”တိုင်းနာရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ဟိုပန်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here