CMPသည် နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဘက်ပေါင်းစုံမှအကျိုးပြုသည့်လုပ်ငန်းများဖြစ်

0
143

CMP လုပ်ငန်းများ စနစ်တကျဖွံ့ဖြိုးတိုးတက်စေရေးနှင့်ပတ်သက် ၍ မတ် ၁၇ ရက်နံနက် ၁၀ နာရီကကျင်းပခဲ့သည့် (cut-makw-pack) CMPလုပ်ခနှင့်အခွန်ကြီးကြပ်ရေးဆပ်ကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆပ်ကော်မတီဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းကပြောကြားခဲ့ခြင်းဖြစ်သည်။

CMP လုပ်ငန်းများသည် နိုင်ငံအတွင်းသို့ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာစေခြင်း၊ပို့ကုန်တိုးတက်စေခြင်း၊ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေခြင်း၊အခွန်ငွေများရရှိစေခြင်း၊လုပ်ငန်းအကျိုးဖြစ်ထွန်းမှုအပေါ်မူတည်၍ လုပ်ငန်းများထပ်မံတိုးချဲ့ဆောင်ရွက်လာနိုင်ခြင်းတို့ကြောင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဘက်ပေါင်းစုံမှ အကျိုးပြုသည့်လုပ်ငန်းများဖြစ်သည်ဟု ဆိုသည်။

CMP လုပ်ငန်းများတိုးတက်များပြားလာမှုနှင့်အတူ အခွန်ထမ်းမဖြစ်သေးသော CMP လုပ်ငန်းများ၊စက်ရုံ၊အလုပ်ရုံများ၊ကုမ္ပဏီများအားလုံးက သက်ဆိုင်ရာအခွန် ဥပဒေများနှင့်အညီ ပေးဆောင်ရမည့်အခွန်ငွေများ အပြည့်အဝပေးဆောင်လာစေရန် တိုက်တွန်းခဲ့သည်။

ထို့ပြင် CMP လုပ်ငန်း‌ဆောင်ရွက်မှုအခြေအနေ၊ရပ်နားမှုအခြေအနေ၊တည်ဆဲဥပဒေ၊ညွှန်ကြားချက်များနှင့်အညီဆောင်ရွက်မှု ရှိ/မရှိ၊အခွန် ပေးဆောင်မှုအခြေအနေ၊ လုပ်ခနိုင်ငံခြားငွေများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းမှု ရှိ/မရှိ၊
အလုပ်သမားများရသင့်ရထိုက်သည့် လုပ်ခနှင့်ခံစားခွင့်များ အပြည့်အဝရရှိခြင်း ရှိ/မရှိနှင့်သတ် မှတ်စာရင်းဇယားများကို စနစ် တကျပြုစုထားရှိခြင်း ရှိ/မရှိ တို့ကိုလည်း စစ်ဆေး၍ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ပေးရမည်ဟု မှာကြားခဲ့သည်။

“အဲဒီလိုဆောင်ရွက်မှသာ CMP လုပ်ငန်းတွေ စနစ်တကျဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံ့စီးပွားတိုးမြင့်မှုကို ပိုမိုအထောက်အကူပြုလာနိုင်မှာဖြစ်ပါတယ်”ဟု စီမံဘဏ္ဍာ ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းကပြောသည်။

အစည်းအဝေးသို့ သက်ဆိုင်ရာအစိုးရဌာန ၉ ခု၊မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းချုပ်၊မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းနှင့်မြန်မာနိုင်ငံစက်မှုကုန်ထုတ်လုပ်သူများအသင်းတို့မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here