အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့် ကစားမည့် ခြေစမ်းပွဲများအတွက် မြန်မာ့လက်ရွေးစင်အသင်း လေ့ကျင့်မှုများ စတင်ပြုလုပ်

0
109

အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ကစားမည့် ခြေစမ်းပွဲများအတွက် မြန်မာ့လက်ရွေးစင် အသင်းသည် လေ့ကျင့်မှုများ ယမန်နေ့ (မတ်လ ၁၈ ရက်) မှစ၍ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

အိန္ဒိယ၊ ကာဂျစ္စတန် တို့နှင့်ခြေစမ်းပွဲများ အတွက် ပြည်တွင်း ကစားသမားများ ပါဝင်သော လက်ရွေးစင်အသင်းသည် ရှမ်းယူနိုက်တက် အသင်းမှ မြတ်ကောင်းခန့်အား ထပ်မံအားဖြည့် ခေါ်ယူခဲ့ပြီး ပြည်တွင်းကစားသမားများဖြင့် မတ်လ (၁၈ ရက်) ညပိုင်းတွင် လေ့ကျင့်မှုများ စတင်ခဲ့သည်။

ပြည်တွင်းကစားသမားများပါ၀င်သော ပထမအသုတ်သည် ယနေ့ (မတ်လ ၁၉ ရက်) အိန္ဒိယနိုင်ငံသို့ ထွက်ခွာမည် ဖြစ်ပြီး ထိုင်းလိဂ်မှ မြန်မာ့လက်ရွေးစင် ကစားသမားများသည် ဒုတိယအသုတ် အနေဖြင့် မတ်လ ၂၀ ရက်တွင် ဘန်ကောက်မြို့မှ ထွက်ခွာလာမည်ဖြစ်သည်။

လိဂ်ပွဲစဉ်များကြောင့် ထိုင်း၊ မလေးရှား တို့မှ လက်ရွေးစင် ကစားသမားများသည် ရန်ကုန်မြို့တွင် လာရောက်ပူးပေါင်း လေ့ကျင့်နိုင်ခြင်းမရှိဘဲ အိန္ဒိယနိုင်ငံသို့ ရောက်ရှိမှသာ အသင်းနှင့်အတူတကွ လေ့ကျင့်မှုပြုလုပ်နိုင်မည် ဖြစ်သည်။

မြန်မာ့လက်ရွေးစင် အသင်းသည် မတ်လ ၂၁ ရက်နေ့တွင် လူစုံလေ့ကျင့်မှု ပြုလုပ်ပြီးနောက် မတ်လ ၂၂ ရက်တွင် အိန္ဒိယ လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ စတင်ကစားမည် ဖြစ်ပြီး ဒုတိယ ခြေစမ်းပွဲ အဖြစ် ကာဂျစ္စတန် အသင်းနှင့် မတ်လ ၂၅ ရက်တွင် အိန္ဒိယနိုင်ငံ အင်ဖာမြို့ KHUMAN LAMPAK STADIUM ၌ ဆက်လက်ခြေစမ်းမည် ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here