ရန်ကုန်-ပြည်ကားလမ်းတွင် ဆိုင်းအဖွဲ့အားတင်လာသည့်ကားတိမ်းမှောက် ၊၁၄ ဦးဒဏ်ရာရ

0
126

ပဲခူးတိုင်း၊မင်းလှမြို့၊သပြေစမ်းကျေးရွာအုပ်စု၊ဂင်ဒိတ်ကုန်းကျေးရွာရှိ ရန်ကုန်-ပြည်သွားကားလမ်းတွင် မတ် ၁၉ ရက်(ယနေ့)နံနက်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မင်းလှလူမှုကူညီရေးအသင်းမှ သိရသည်။

ယနေ့နံနက် ၆ နာရီခွဲခန့်က ပေါင်းတည်မြို့သို့သွားရောက်မည့် “ဇော်ဇော်ဗိုလ်”ဆိုင်းအဖွဲ့အားတင်ဆောင်လာသောကားသည် မင်းလှမြို့နယ်၊သပြေစမ်းကျေးရွာအုပ်စု၊ဂင်ဒိတ်ကုန်းကျေးရွာရှိ ရန်ကုန်-ပြည်သွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၀၁/၃ နှင့် ၁၀၁/၄ ကြားတွင် နောက်ဘီးကျွတ်ထွက်၍ လမ်းဘေးရေမြောင်းထဲသို့ထိုးကျ တိမ်းမှောက်သွားခဲ့သည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသူများအနက် အမျိုးသား၊အမျိုးသမီး ၁၄ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မင်းလှလူမှုကူညီရေးအသင်းနှင့်စေတနာရှင်ပရဟိတအသင်းတို့မှ မင်းလှဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“ဒဏ်ရာနည်းနည်းပြင်းတာက ၂ ယောက်ပဲရှိပါတယ် နောက်ထပ် ၁၂ ယောက်ကတော့ ပွန်းပဲ့ဒဏ်ရာတွေလောက်ပဲရသွားတာပါ နောက်ဘီးကျွတ်ထွက်ပြီး လမ်းဘေးကရေမြောင်းထဲထိုးကျပြီးမှောက်သွားတာ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here