ဘာလင်-အာဆီယံကော်မတီ၏ လှုပ်ရှားမှုများ

0
128

ဘာလင်-အာဆီယံကော်မတီအစည်းအဝေးအား ဘာလင်မြို့ရှိ ထိုင်းနိုင်ငံသံရုံး၌ပြုလုပ်ရာ ဘာလင်မြို့အခြေစိုက် အာဆီယံသံရုံးအကြီးအကဲများတက်ရောက်ခဲ့ကြသည်။

ဘာလင်မြို့၏ မြန်မာသံရုံးယာယီတာဝန်ခံဦးကျော်ထင်လင်းလည်း မတ် ၁၇ ရက်နံနက် ၁၀ နာရီကပြုလုပ်သည့်ထိုအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ထိုင်းသံအမတ်ကြီးက ၎င်းတာဝန်ယူစဉ်ကာလတွင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့သည်များ၊ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည်များ၊ဂျာမနီနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာနများ၊အခြားအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်နိုင်မည့်ကိစ္စများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့ပြင် အသစ်ရောက်ရှိလာသည့် မလေးရှားနိုင်ငံ သံအမတ်ကြီးနှင့်ဖိလစ်ပိုင်နိုင်ငံသံအမတ်ကြီးတို့ကိုလည်း ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here