ရန်ကုန်​လေဆိပ်၊ နေပြည်တော်လေဆိပ်နှင့် အဓိကလမ်းကွန်ရက်နေရာများတွင် EV လျှပ်စစ်အားသွင်းဆိုင်များထပ်မံဆောက်မည်

0
142

စမ်းသပ်ပ​ရောဂျက် ၁၉ နေရာအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ နေပြည်တော်လေဆိပ်၊ နေပြည်တော်ဘူတာကြီး၊ မန္တလေးဘူတာကြီးတို့တွင် EV အားသွင်းဆိုင် များတည်ဆောက်သွားရန်အတွက် စီစဉ်ထားပြီးဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဦးဝင်းဖေကပြောကြားခဲ့သည်။

“ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွေမှာ တည်ဆောက်နိုင်တဲ့မြေနေရာများကို ရွေးချယ်သတ်မှတ်လျာထားခဲ့ပြီး ဦးဆောင်ကော်မတီထံကို တင်ပြခဲ့ပါတယ်။ ဦးဆောင်ကော်မတီကနေ တင်ပြချက်မြေနေရာတွေကိုစိစစ်ပြီးတော့ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ EV Station များအတွက် Charging station များတည်ဆောက်ရန် နေပြည်တော်မှာ လေးနေရာ၊ရန်ကုန်မှာ ၅ နေရာ၊မန္တလေးမြို့မှာ ၅ နေရာနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းကြီးမှာ ၅ နေရာ စုစုပေါင်း Pilot Project အနေနဲ့ ကုမ္ပဏီ ကိုးခုကို တာဝန်သတ်မှတ်ပေးခဲ့ပါတယ်။ မန္တလေးမှာလည်း ရှေ့အပတ်ထဲမှာပဲ ဖွင့်သွားဖို့ရှိပါတယ်။ Pilot Project ၁၉ နေရာအပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာလည်း Charging station အဖြစ်တည်ဆောက်ခွင့်ပြုထားပြီးဖြစ်သလို နေပြည်တော်လေဆိပ်၊ နေပြည်တော်ဘူတာကြီး၊ မန္တလေးဘူတာကြီးမှာ Charging station များတည်ဆောက်သွားရန်အတွက် စီစဉ်ထားပြီးဖြစ်ပါတယ်”ဟု၎င်းကဆိုသည်။

မတ်လ ၁၉ ရက် ရန်ကုန်ဘူတာကြီးရှေ့ Charging Station ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

နေပြည်တော်၊ ရန်ကုန်၊ မန္တလေးလိုမြို့ကြီးများတွင် EV ယာဉ်များ မြို့ပြလမ်းကွန်ယက်စနစ်များ အဆင်ပြေကောင်းမွန်အောင် စီစဉ်ဆောင်ရွက်လျက်ရှိသလို တစ်နိုင်ငံလုံး၏အဓိက လမ်းကွန်ယက်များတွင်လည်းပြေးဆွဲနိုင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here