ရပ်ထားသည့်ကားကို ဆိုင်ကယ်ကဝင်တိုက်၊ ၂ ဦးသေဆုံးခဲ့မှု ကွတ်ခိုင်မြို့တွင်ဖြစ်ပွား

0
130

ရှမ်းပြည်နယ်၊ကွတ်ခိုင်မြို့ရှိ သစ်တောရုံးနှင့်ဆက်သွယ်ရေးရုံးတို့အနီးလမ်းကွေ့တွင် မတ် ၁၈ ရက်ညကဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းမှ သိရသည်။

ယမန်နေ့ည ၇ နာရီကျော်ခန့်က ကွတ်ခိုင်မြို့ရှိ သစ်တောရုံးနှင့်ဆက်သွယ်ရေးရုံးတို့အနီး လမ်းကွေ့တွင် အမျိုးသား ၃ ဦးစီးနင်းလာသည့်ဆိုင်ကယ်က အရှိန်မထိန်းနိုင်ဘဲ ရပ်ထားသည့်ကားအားဝင်တိုက်မိခဲ့သည်။

“ပျက်လို့ရပ်ထားတဲ့ကားကို ဆိုင်ကယ်ကအရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိတာ ဆိုင်ကယ်ကကားအောက်ဝင်သွားတယ် မောင်းလာတဲ့ ၃ ယောက်လုံးကလူငယ်တွေကြီးပဲ”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်ကြောင့် ဆိုင်ကယ်ပေါ်တွင် လိုက်ပါလာသည့် မိုင်းယုလေးကျေးရွာနေ အမျိုးသား ၂ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့သဖြင့် ဗြဟ္မစိုရ်နှလုံးသားလူမှုကူညီရေးအသင်းမှ ကွတ်ခိုင်မြို့ပြည်သူ့ဆေးရုံရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

” ၂ ယောက်ပွဲချင်းပြီးသေဆုံးသွားတယ် ကျန်တဲ့တစ်ယောက်ကတော့ စိုးရိမ်ရဒဏ်ရာတွေရထားတယ် အခြေအနေကတော့သိပ်မကောင်းဘူး အခု ကွတ်ခိုင်ဆေးရုံကြီးမှာဆေးကုသမှုခံယူနေတယ် လက်ရှိအခြေအနေကတော့ကျွန်တော်တို့လည်းမသိရသေးဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here