ကျေက်မျက်ပြပွဲဒုတိယနေ့တွင် ပုလဲ (၁၄၇)တွဲအား ဝယ်ယူသွား

0
96

မြန်မာ့ကျောက်မျက်ရတနာပြပွဲ၏ ဒုတိယနေ့ဖြစ်သည့် မတ် ၁၈ ရက်တွင် ပုလဲအတွဲပေါင်း(၁၄၇)တွဲအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ပြည်တွင်း၊ပြည်ပရတနာကုန်သည်များကဝယ်ယူသွားသည်။

ရောင်းချရန်ခင်းကျင်းပြသထားသည့် ပုလဲအတွဲ အမှတ်-၁ မှအမှတ်-၁၅၀ အထိအား ပြည်တွင်း၊ပြည်ပရတနာကုန်သည်များကကြည့်ရှုပြီးနောက် စျေးနှုန်းတင်သွင်းလွှာများကို တင်ဒါပုံးများအတွင်းထည့်သွင်းခဲ့ကြပြီး တာဝန်ရှိသူများက ဖွင့်ဖောက်စစ်ဆေးကာ ပုလဲအတွဲပေါင်း(၁၄၇ တွဲ)ကိုရောင်းချနိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။

ပုလဲအတွဲများရောင်းချရာတွင် ကြမ်းခင်းဈေးကို အမေရိကန်ဒေါ် လာဖြင့်သတ်မှတ်ထားကာ ပြည်ပရတနာကုန်သည်များမှ အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်၊ဘတ်ဖြင့်၄င်း၊ ပြည်တွင်းရတနာကုန်သည်များက ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသည့် မြန်မာကျပ်ငွေတို့ဖြင့် ပေးချေသွားရမည်ဖြစ်သည်။

ပြပွဲတတိယနေ့ဖြစ်သည့် မတ် ၁၉ ရက်(ယနေ့) တွင် ပုလဲအတွဲပေါင်း(၂၉၅ တွဲ)အနက် ကျန်ရှိသည့် ပုလဲအတွဲအမှတ်-၁၅၁ မှအမှတ်-၂၉၅ အထိအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဆက်ရောင်းသွားမည်ဖြစ်သည်။

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲအား မတ် ၁၇ ရက်မှ ၂၃ ရက်အထိ ပုလဲအတွဲပေါင်း(၂၉၅ တွဲ)၊ကျောက်မျက်အတွဲပေါင်း(၁၂၀) နှင့်ကျောက်စိမ်းအတွဲပေါင်း(၂၁၅၀ တွဲ)တို့ကို ခင်းကျင်းပြသရောင်းချနေသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here