လပွတ္တာမြို့နယ်တွင် ဘုရားဖူးကားက လမ်း​ဘေးထိုးကျပြီးပက်လက်လန်သွားရာဒဏ်ရာရသူများရှိ

0
197

ဧရာဝတီတိုင်း၊လပွတ္တာမြို့နယ်တွင် မတ် ၁၉ ရက် (ယနေ့)နေ့လည် ၃ နာရီခွဲခန့်က ဘုရားဖူးကားယာဥ်မ​တော်တဆဖြစ်ပြီးပက်လက်လန်သွားခဲ့ကြောင်း Heart Laputta မှသိရသည်။

ယနေ့နေ့လည်က လပွတ္တာမြို့နယ်၊လပွတ္တာ-မြောင်းမြသွားကားလမ်း၏ မိုင်တိုင်အမှတ် ၁၄ အနီးတွင် ငပုတောမြို့နယ်၊မန်းကျည်းပင်ကျေးရွာနေသူများလိုက်ပါလာသည့် ဘုရားဖူးကားလမ်းဘေးသို့ထိုးကျ၍ ပက်လက်လန်သွားခဲ့သည်။

“ကျွန်တော်တို့ဆီကိုဖုန်းဆက်ပြီးပြောလို့ အခင်းဖြစ်တဲ့နေရာကိုရောက်တဲ့အချိန် လူနာတွေမရှိတော့ဘူး။ ပက်လက်လန်နေတဲ့ကားကိုပဲတွေ့ရတယ်။ စုံစမ်းကြည့်တော့အဲဒီနားကလူတွေက ခရီးသည်ကားကိုတားပြီး ဆေးရုံပို့ပေးလိုက်ပြီပြောတယ်။ ဒါ့ကြောင့် ဒဏ်ရာရတဲ့လူအရေအတွက်ကိုတော့မသိရသေးဘူး”ဟု Heart Laputta မှတာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာရသူများသည် လပွတ္တာခရိုင်ကုတင်(၂၀၀) ပြည်သူ့ဆေးရုံကြီး၌ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here