ရန်ကုန်-မန္တလေးအမြန်လမ်းတွင် လမ်းလယ်ကျွန်းရှိခရေပင်အားဝင်တိုက်သည့်ကား​ပေါ်မှ အမျိုးသမီး ၄ ဦးဒဏ်ရာရ

0
165

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်းအပိုင်၌ မတ် ၁၉ ရက်ညနေ ၄ နာရီခွဲခန့်က မိုင်တိုင်အမှတ် ၁၃၈/၅ နှင့် ၁၃၈/၆ ကြားတွင်  LEXUS (အဖြူရောင်) ကားသည် လမ်းလယ်ကျွန်းရှိ ခရေပင်အားတိုက်မိပြီး လမ်းတစ်ဖက်ခြမ်းသို့ရောက်ရှိရပ်တန့်သွားခဲ့သည်။

ထို့ကြောင့် ဗောဓိကုန်းအမြန်လမ်းမီးသတ်စခန်း၊ဗောဓိကုန်းအမြန်လမ်းရဲတပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဥ်ကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၄ ဦးတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြသဖြင့် နှလုံးလှလူမှုကယ်ဆယ်ရေးအသင်းမှ တောင်ငူပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here