မြောက်ဦးမြို့ရှိ သမိုင်းဝင် ကိုးသောင်းပုထိုးတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇေနိယပွဲတော်ကျင်းပ

0
401

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှိ ရှေ့ဟောင်းသမိုင်းဝင်ကိုးသောင်းပုထိုးတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်အား ကိုးသောင်းပုထိုးတော်ကြီးရင်ပြင်တော်ပေါ်၌ မတ် ၁၈ ရက်နံနက် ၉ နာရီကစတင်ဖွင့်လှစ်ခဲ့သည်။

ဖွင့်ပွဲတွင် အောင်မင်္ဂလာကျောင်းတိုက်ဆရာတော် နိုင်ငံ တော်ဩဝါဒါစရိယ၊သာသနာဓဇ
ဓမ္မာစရိယ မဟာဂန္တဝါစကပဏ္ဍိတအဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ၊ အဘိဓဇမဟာရဌဂုရု ဒေါက်တာဘဒ္ဒန္တပညာသာမိထံမှ ဧည့်ပရိတ်သတ်များက ငါးပါး သီလခံယူခဲ့ကြသည်။

ကြွရောက်တော်မူလာကြသည့် ဆရာတော်၊သံ ဃာတော်များက ကိုးသောင်းပုထိုးတော်ကြီးအား ဗုဒ္ဓဘိသေကအနေကဇာတင်တော်မူခဲ့ကြပြီးနောက် ပရိတ်တရားတော်များရွတ်ပွားပူဇော်ကာ တာဝန်ရှိသူများနှင့်ဧည့်ပရိသတ်များက လှူဖွယ် ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းကာ ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ကိုး​သောင်းပုထိုး​တော်ကို ကုသိုလ်ရှင် ဘုရင်မင်းတိက္ခာ ကအေဒီ၁၅၅၃ခု၊နန်းတက်သည့်နှစ်တွင်တည်ခဲ့သည်ဟုဘုရားသမိုင်းများကဆိုသည်။

မင်းတိက္ခာ၏ဖခမည်း​တော်ဘုရင်မင်းဗာကြီးကသျှစ်သောင်းဘုရားကိုတည်ခဲ့သဖြင့်”အဖသျှစ်သောင်း သားကိုးသောင်း”ဟု​ပြော​လေ့ရှိကြသည်။

ကိုးသောင်းယဥ်ကျေးမှုနယ်မြေရှိ ကိုးသောင်းပု ထိုးတော်ကြီး၏ ပထမအကြိမ် ဗုဒ္ဓပူဇနိယပွဲတော်အား မတ် ၁၈ ရက်မှ ၂၀ ရက်အထိ ၃ ရက်တိုင်ကျင်းပသွားမည်ဖြစ်သည်။

ဗုဒ္ဓပူဇနိယပွဲတော်၌ အကြီးတန်း၊အလတ်တန်းနှင့်အငယ်တန်း ရခိုင်ရိုးရာကျင်ပွဲများ၊ပိုက်ကျော်ခြင်းပြိုင်ပွဲများ၊လွန်ဆွဲပြိုင်ပွဲများများအား ထည့်သွင်းကျင်းပလျက်ရှိပြီး ဇာတ်ပွဲများ၊အရုပ်ဆိုင်များ၊မုန့်ဆိုင်များနှင့်ကလေးကစားကွင်းများလည်းပါဝင်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here