ဘင်္ဂလားဒေ့ရှ်၌ ဘက်စ်ကားတိမ်းမှောက်မှုကြောင့် အနည်းဆုံးလူ ၁၉ ဦးသေဆုံး

0
151

ဒါကာ၊မတ် ၁၉

ဘင်္ဂလားဒေ့ရှ်နိုင်ငံအလယ်ပိုင်းရှိ လမ်းမကြီးတစ်ခုပေါ်တွင် အရှိန်ပြင်းပြင်းမောင်းနှင်လာသောဘက်စ်ကားတစ်စီးသည် လမ်းဘေးရေမြောင်းထဲသို့ထိုးကျရာမှ အနည်းဆုံးလူ ၁၉ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ၍ဒဏ်ရာရခဲ့ကြသည်။

ဒဏ်ရာရရှိသူများထဲတွင် အခြေအနေပြင်းထန်သူများပါဝင်သဖြင့် သေဆုံးနှုန်းထပ်တိုးလာနိုင်သည်ဟုလည်း ရဲအရာရှိတစ်ဦးကပြောကြားထားသည်။

အဆိုပါကားပေါ်၌ ခရီးသည် ၄၀ ကျော်ပါရှိပြီး အသစ်ဆောက်ပြီးခါစ ပက်ဒ်မာတံတားပေါ်မှဖြတ်သွားစဉ် အရှိန်မထိန်းနိုင်ဘဲ တံတားလက်ရန်းကိုဝင်တိုက်ကာ လမ်းဘေးရှိ ၉ မီတာအနက်ရှိသည့်ရေမြောင်းထဲသို့ထိုးကျသွားခြင်းဖြစ်သည်။

သေဆုံးသူများထဲတွင်ယာဉ်မောင်းလည်းပါဝင်ပြီး ကားဘီးပေါက်ပြီးနောက် ကားကိုအချိန်မှီမထိန်းချုပ်လိုက်နိုင်ခြင်းကြောင့်ဖြစ်နိုင်သည်ဟုလည်းသုံးသပ်ကြသည်။သို့သော်မတော်တဆမှုဖြစ်ပွားရခြင်း၏အကြောင်းအရင်းတိတိကျကျကိုမသိရသေးသဖြင့် စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟုလည်းဆိုသည်။

ဘင်္ဂလားဒေ့ရှ်သည် ယခုကဲ့သို့မတော်တဆမှုအဖြစ်များသောနိုင်ငံလည်းဖြစ်သည်။ မဆင်မခြင်မောင်းနှင်မှု၊ယာဉ်များလည်းဟောင်းနွမ်းနေမှုနှင့် လုံခြုံရေးစည်းမျဉ်းများညံ့ဖျင်းမှုတို့ကြောင့်လည်း မတော်တဆမှုများမကြာခဏဖြစ်ပေါ်လေ့ရှိသဖြင့် နှစ်စဉ်လူထောင်ချီသေဆုံးနေကြောင်းလည်းသိရသည်။

Source : ရိုက်တာ/အက်ဖ်အိတ်ချ်


LEAVE A REPLY

Please enter your comment!
Please enter your name here