စစ်တွေမြို့တွင် မြေသယ်ကားနှင့်သုံးဘီးဆိုင်ကယ်(တုတ်တုတ်)တိုက်၍ ၃ ဦးဒဏ်ရာရခဲ့

0
85

ရခိုင်ပြည်နယ်၊စစ်တွေမြို့ရှိ ဂေါက်ကွင်းရှေ့တွင် မတ် ၁၉ ရက်ညနေ ၄ နာရီခွဲခန့်က မြေသယ်ကားနှင့်သုံးဘီးဆိုင်ကယ် (တုတ်တုတ်) တို့တိုက်မိကာ တုတ်တုတ်မောင်းသူ ခေါင်းခန်းအတွင်းညပ်ပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိနေကြောင်းသိရပြီး ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

“တုတ်တုတ်မောင်းတဲ့လူက ခေါင်းခန်းထဲမှာညပ်နေတယ်၊ ထွက်မရဘူး ကျွန်တော်တို့ရောက်သွားတော့ မီးသတ်တပ်ဖွဲ့နဲ့ပေါင်းပြီး ခက်ခက်ခဲခဲကယ်ထုတ်ခဲ့ရတယ်။ ဒဏ်ရာရတဲ့လူက တုတ်တုတ်မောင်းတဲ့သူကောဆိုရင် ၃ ယောက်ပေါ့ ၊တုတ်တုတ်ပေါ်ကပါပဲ၊ လက်ရှိကတော့ ၃ ယောက်လုံးသက်သာလာပါပြီ”ဟု ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

ဖြစ်စဥ်တွင် သုံးဘီးဆိုင်ကယ် (တုတ်တုတ်)မောင်းသူနှင့်လိုက်ပါလာသူ ၂ ဦးတို့တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ စစ်တွေဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here