ဒေါ်နယ်ထရမ့် အင်္ဂါနေ့တွင် ရာဇဝတ်မှုဖြင့် ဖမ်းဆီးခံရနိုင်၊ ထောက်ခံသူများကို ဆန္ဒပြရန် တောင်းဆို

0
155

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ့်သည် မန်ဟတ်တန်ခရိုင်မှ ရှေ့နေများက သူ့အား ပြစ်မှုတစ်မှုနှင့် ပတ်သက်၍ စွဲချက်တင်ထားသောကြောင့် ယခုအပတ် အင်္ဂါနေ့တွင် အဖမ်းခံရနိုင်ကြောင်း ပြောကြားခဲ့ပြီး သူ၏ ထောက်ခံသူများကိုဆန္ဒပြကြရန် တောင်းဆိုလာသည်။

အဆိုပါအမှုသည် ထရမ့်က ၂၀၂၄ ရွေးကောက်ပွဲတွင် ရီပဗ္ဗလစ်ကန်ပါတီ၏ သမ္မတလောင်းအဖြစ် ဝင်ပြိုင်နိုင်ရန်အတွက် မဲဆွယ်နေသည့် အရေးကြီးသော အချိန်တွင် ပေါ်ပေါက်လာခြင်းဖြစ်သည်။

“အကျင့်ပျက်ခြစားနေတဲ့ မန်ဟတ်တန်ခရိုင် ရှေ့နေရုံးကနေ တရားမဝင် ပေါက်ကြားလာတဲ့ သတင်းတွေအရ နောက်အပတ် အင်္ဂါနေ့မှာ ရီပဗ္ဗလစ်ကန်ပါတီရဲ့ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းဖြစ်တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတဟောင်းကို ပြစ်မှုကျူးလွန်ကြောင်း သက်သေမပြနိုင်ဘဲ ဖမ်းဆီးဖို့လုပ်နေပါတယ်။ ငါတို့နိုင်ငံကို ငါတို့ ပြန်ယူနိုင်ဖို့ ဆန္ဒပြကြလော့” ဟု ထရမ့်က ထရု့ဒ် ဆိုရှယ် အက်ပ်ပေါ်တွင် ရေးသားခဲ့သည်။

ထရမ့်၏ ပို့စ်တွင် ခရိုင်ရှေ့နေရုံးမှ ပေါက်ကြားလာသည်ဟူသော သက်သေများအား ပြသထားခြင်းမရှိသကဲ့သို့ မည်သည့်အမှုကြောင့် စွဲချက်တင်ခံရသည်ဆိုတာကိုလည်း ဖော်ပြထားခြင်း မရှိပေ။

သို့ရာတွင် ထွက်ပေါ်လာသော သတင်းများအရ မန်ဟတ်တန်ခရိုင် တရားရုံးသည် ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲ၌ ထရမ့် မဲဆွယ်စည်းရုံးနေချိန် ထရမ့်၏ ကိုယ်ပိုင်ရှေ့နေဟောင်း မိုက်ကယ် ကိုဟန်က အပြာရုပ်ရှင်သရုပ်ဆောင် စတွမ်မီ ဒန်နီရယ်စ် ကို ထရမ့်နှင့် အချစ်ဇာတ်ခင်းခဲ့သည့်ဖြစ်ရပ်အား ထုတ်မပြောရန် နှုတ်ပိတ်ခ ဒေါ်လာ ၁ သိန်း ၃ သောင်း ပေးချေခဲ့မှုနှင့် ပတ်သက်၍ စုံစမ်းနေကြောင်း သိရသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ထရမ့်က မစ္စ ဒန်နီရယ်စ်နှင့် အချစ်ဇာတ်မခင်းဖူးခဲ့ဟုဆိုကာ ငြင်းဆိုထားသည်။

Source: စထရိတ်တိုင်းမ်စ်


LEAVE A REPLY

Please enter your comment!
Please enter your name here