ဂျပန် ဖိတ်ခေါ် ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းက ၄ ဂိုး ဂိုးမရှိဖြင့် လာအိုကို အနိုင်ရရှိ

0
157

ဂျပန်- အာဆီယံ ချစ်ကြည်ရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ်အရ ကျင်းပသည့် 2022 JENESYS U-17 Women’s Football Memorial Cup ပြိုင်ပွဲတွင် မြန်မာ ယူ- ၁၇ အမျိုးသမီးအသင်းက လာအိုအသင်းကို အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ၊အိုကီနာဝါမြို့တွင် ယနေ့ (မတ် ၂၀ ရက်) မြန်မာ ယူ – ၁၇အမျိုး သမီးလက်ရွေးစင်အသင်းနှင့် လာအို ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်း တို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာ ယူ – ၁၇ အမျိုးသမီး လက်ရွေးစင်အသင်းက (၄-၀) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင် အသင်းသည် ပထမပိုင်းတွင် (၃)ဂိုး၊ ဒုတိယပိုင်းတွင် (၁)ဂိုး သွင်းယူခဲ့ပြီး အနိုင်ရခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာ ယူ -၁၇ အမျိုးသမီး လက်ရွေးစင်အသင်းသည် မနက်ဖြန် (မတ် ၂၁ ရက်) တွင် အဆင့်(၅) နေရာအတွက် ဂျပန်ကလပ် အိုကီနာဝါအသင်းနှင့် ယှဉ်ပြိင်ကစားရဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here