မဟာအောင်မြေမြို့နယ်ရှိ အလှပြင်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား

0
228

မန္တလေးတိုင်း၊မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်းရှိ နေအိမ်တိုက်တစ်လုံး၏ ဒုတိယထပ်တွင်ဖွင့်လှစ်ထားသည့် အလှပြင်ဆိုင်တွင် မတ် ၂၀ ရက်နံနက်က မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၁ နာရီ ၃၈ မိနစ်ခန့်က မဟာအောင်မြေမြို့နယ်၊ ၃၈ လမ်း၊ ၈၀ လမ်းနှင့် ၈၁ လမ်းကြားရှိ နေအိမ်တိုက်တစ်လုံး၏ ဒုတိယထပ်တွင်ဖွင့်လှစ်ထားသည့် အလှပြင်ဆိုင်တွင် မီးလောင်မှုဖြစ်ပွား၍ မဟာအောင်မြေမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထို့ကြောင့် နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အလှပြင်ဆိုင်အတွင်းရှိ ပစ္စည်းများသာမီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး စတင်လောင်ကျွမ်းရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ်ဆေးလျက်ရှိသည်။

“မီးလောင်မှုဖြစ်စဥ်မှာ ဘေးပတ်ဝန်းကျင်ကိုကူးစက်တာမရှိပါဘူး RC တိုက်ရဲ့ ဒုတိယထပ်က အလှပြင်ဆိုင်အတွင်းပိုင်းထဲမှာပဲလောင်သွားတာ ထိခိုက်ဒဏ်ရာရတဲ့လူတွေလည်းမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

Photo-Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here