ရန်ကုန်-မန္တလေးအမြန်လမ်းတွင် EV ကားများအတွက် အမြန်အားသွင်းနိုင်သည့် အားသွင်းရုံ စတင်ဖွင့်လှစ်

0
120

EV ကားများအတွက် အမြန်အားသွင်းနိုင်သည့် အားသွင်းရုံကို ရန်ကုန်-မန္တလေး အမြန်လမ်း တစ်မိုင် သုညဖာလုံတွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရန်ကုန်-မန္တလေး အမြန်လမ်းရှိ လျှပ်စစ်မော်တော်ယာဉ်အားသွင်းရုံ (EV Quick Charging Station) ကို Earth Renewable Energy Company Limited မှတည်ဆောက်ထားခြင်းဖြစ်ပြီး (၃) ခုအနက် ပထမတစ်ခုကို ယနေ့(မတ်လ ၂၀) ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လျှပ်စစ်သုံးယာဉ်များ ပြေးဆွဲ/အသုံးပြုရေးနှင့် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီး၊ မြို့တော်ဝန်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ အကြီးကဲများ၊ အခြားဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ယနေ့ ဖွင့်လှစ်ခဲ့သည့် လျှပ်စစ်မော်တော်ယာဉ် အားသွင်းရုံ (EV Quick Charging Station) တွင် EV ဘတ်စ်ကားကြီး (၄) စီး နှင့် အိမ်စီးကား (၁၀) စီး စာအတွက် Quick Charger များတပ်ဆင်ထားရှိကြောင်းသိရသည်။ ယင်းအပြင် Earth Renewable Energy Co., Ltd အနေဖြင့်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ရှန်ဇန် (Shenzhen) မြို့ရှိ ၊ BYD Asia Pacific Sales Division တွင် ပြုလုပ်သည့် BYD EV Distribution Agreement Signing Ceremony အခမ်းအနားသို့ ၂၀၂၃ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် တက်ရောက်လက်မှတ်ရေးထိုးခဲ့ပီး မြန်မာနိုင်ငံ၏ ပထမဦးဆုံး BYD တရားဝင်ကိုယ်စားလှယ်ဖြစ်ကြောင်းလည်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here