သံဃာ့ဝိနည်းနှင့် မကိုက်ညီသည့် ဝတ်စားဆင်ယင်မှုများကြောင့် ဝေဖန်ခံခဲ့ရသည့် ရွှေကိုယ်တော် ဆရာတော်အား သံဃာမဟာနာယကအဖွဲ့ ခေါ်ယူသတိပေး

0
249

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံခဲ့သည့် ရုပ်သံဖိုင်တစ်ခုတွင် သံဃာ့ဝိနည်းနှင့် ကိုက်ညီမှုမရှိသည့် ဝတ်စားဆင်ယင်မှုများလုပ်ဆောင်ထားသည့် ရွှေကိုယ်တော် အမည်ရှိ ဆရာတော်အား နေပြည်တော် တပ်ကုန်းမြို့နယ် သံဃာ့မဟာနာယက အဖွဲ့က ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ရွှေကိုယ်တော် အမည်ရ ဆရာတော်သည် နေပြည်တော် တပ်ကုန်းမြို့နယ်အတွင်းရှိ ရေအေးရွာကျောင်းတိုက်မှ ဆရာတော်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ဆရာတော်သည် နေပြည်တော်၊တပ်ကုန်းမြို့နယ်မှ ရွာတစ်ရွာတွင် ပြုလုပ်သည့် ရဟန်းခံ၊ ရှင်ပြု၊ ကျောင်းရေစက်ချပွဲသို့ ကြွရောက်ခဲ့ခြင်းဖြစ်ပြီး ရွှေလက်စွပ်၊ဟန်းချိန်းများဝတ်ဆင်ထားကာ ပန်းကုံးများပါဆွဲ၍ ကြွရောက်လာသည့် ပရိသတ်များ၏ အကြည်ညိုခံနေသည့် ရုပ်သံဖိုင်တစ်ခု မတ်လ (၁၄) ရက်က လူမှုကွန်ရက်တွင် ပျံ့နှံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရုပ်သံဖိုင်ပျံ့နှံ့ခဲ့သည့်နောက် ပြည်သူအများစုက ရဟန်းသံဃာတို့ စောင့်ထိန်းလိုက်ရမည့် ဝိနည်း သိက္ခပုဒ်တို့နှင့် မညီညွတ်စွာ ပြုမူနေထိုင်သည့်အပေါ် ပြစ်တင်ဝေဖန်မှုများ မြင့်တက်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ယမန်နေ့ မတ်လ (၁၉) ရက်တွင် နေပြည်တော် တပ်ကုန်းမြို့နယ် သံဃာ့မဟာနာ ယကအဖွဲ့မှ အဆိုပါ ရွှေ‌ကိုယ်တော်အမည်ရ ဆရာတော်အား ခေါ်ယူသတိပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ခေါ်ယူ သတိပေးခဲ့သည့်အတွက် ရွှေကိုယ်တော် အမည်ရှိ အဆိုပါ ဆရာတော်မှ နောက်နောင်ထိုသို့ မနေထိုင်တော့ပါကြောင်း ခံဝန်ကတိလက်မှတ်ရေးထိုးခဲ့ပြီး ဆရာတော်ကြီးများ၏ ဩဝါဒကို ခံယူခဲ့ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here