ယနေ့မွန်းလွဲတွင် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါသည် ယူကရိန်းနိုင်ငံသို့ သွားမည်

0
120

ဂျပန်ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါ သည် ယနေ့မွန်းလွဲပိုင်းတွင် ယူကရိန်းနိုင်ငံသို့ သွားရောက်မည်ဖြစ် ပြီးစစ်ဘေးသင့်နိုင်ငံကို ကူညီပံ့ပိုးပေးရန် ကတိကဝတ်ပြုသည့် ခရီးစဉ်ဖြစ်ကြောင်း အစိုးရသတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့သည်။

ဂျပန်ခေါင်းဆောင်တစ်ဦးအ​နေဖြင့်ယခုကဲ့သို့ကြိုတင်​ကြေငြာခြင်းမရှိ​သော နိုင်ငံရပ်ခြားခရီးထွက်မှုအလွန် ရှားပါးလှသည်။တချိန်ထဲတွင် တရုတ်သမ္မတ ရှီကလည်း ရုရှားသို့​​ရောက်ရှိ​နေချိန်ဖြစ်သည်။

ရှီသည် ယူကရိန်းသမ္မတ ဇလန်းသကီးနှင့်လည်း တွေ့ဆုံရန် ကြိုးပမ်းနေသည်ဟု ထင်ကြေးပေးခံနေရသည်။

တရုတ်ကငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြန်လည်စတင်လာ​သော်လည်းရုရှားကို မျက်နှာသာပေးလိမ့်မည်ဟုထင်မြင်ချက်များထွက်​ပေါ်လျှက်ရှိသည်။

တရုတ်နိုင်ငံသည် ရုရှားအား လက်နက်များ ကူညီရန် အစီအစဉ်ရှိ၊မရှိကိုလည်း ကမ္ဘာက စောင့်ကြည့်​နေသည်။ဘေဂျင်းအ​နေဖြင့်ရုရှသို့ မောင်းသူမဲ့လေယာဉ်များနှင့် ခဲယမ်းမီးကျောက်များတင်ပို့မှုကို ဆက်လက်လုပ်ဆောင်ပါက အမေရိကန်နှင့် ဥရောပတို့သည် တရုတ်နိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန် ရည်ရွယ်ထားသည်။

Ref:NikkeiAsia


LEAVE A REPLY

Please enter your comment!
Please enter your name here