တရုတ်နှင့်ကမ္ဘောဒီးယားရေတပ်များ ပထမဆုံးပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်

0
159

ဖနွမ်းပင်၊မတ် ၂၁

တရုတ် – ကမ္ဘောဒီးယားပူးတွဲစစ်ရေးလေ့ကျင့်မှု Golden Dragon 2023 အတွက် တရုတ်တပ်ဖွဲ့ဝင်များအား တင်ဆောင်လာသည့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ ရေတပ်သင်္ဘောသည် ကမ္ဘောဒီးယားသင်္ဘောများနှင့် ပထမဆုံးသောပူးတွဲစစ်ရေးလေ့ကျင့်မှုအားပြုလုပ်ခဲ့ကြောင်းသိရသည်။

တရုတ်နှင့်ကမ္ဘောဒီးယားစစ်တပ်များအကြား ယခုကဲ့သို့ရေကြောင်းလေ့ကျင့်မှုသည် ပထမဆုံးအကြိမ်ဖြစ်သည်ဟု တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားရေတပ်နှင့်နှစ်နာရီကြာ ရေကြောင်းသွားလာရေးနဲ့ဆက်သွယ်ရေးလေ့ကျင့်မှုများပြုလုပ်ခဲ့ရာ၌ နှစ်ဘက်အဖွဲ့အစည်းများ၏ ကွပ်ကဲမှုများသည်တိကျကာ ညှိနှိုင်းမှုများလည်း အနီးကပ်ဆောင်ရွက်ခဲ့ပြီး ဆက်သွယ်ရေးများလည်းအဆင်ပြေချောမွေ့ခဲ့သည်ဟု တရုတ်ဘက်မှ ရေယာဥ်မှူး ဗိုလ်မှူးကြီး ရှူဂျင်းဖန်ကပြောကြားခဲ့သည်။

Golden Dragon 2023 ပူးတွဲစစ်ရေးလေ့ကျင့်မှုအား တရားဝင်မစတင်မီ ယခုကဲ့သို့ရေတပ်ချင်းပူးတွဲစစ်ရေးလေ့ကျင့်မှုသည် တရုတ်နှင့်ကမ္ဘောဒီးယားကြား ကျယ်ပြန့်သောစစ်ရေးပူးပေါင်းဆောင်ရွက်မှုအား အမှတ်အသားပြုခြင်းပင်ဖြစ်သည်ဟုလည်း စစ်ရေးကျွမ်းကျင်သူတစ်ဦးကသုံးသပ်ပြောကြားခဲ့သည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here