ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် (၁)နှစ်(၂) သီး၊(၃)သီး စိုက်ပျိုးနိုင်ရေးဆောင်ရွက်သွားမည်

0
128

မကွေးတိုင်းအတွင်း၌ ဆီထွက်သီးနှံကဏ္ဍဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မကွေးတိုင်းဝန်ကြီးချုပ်ဦးတင့်လွင်က မတ် ၂၀ ရက်နေ့လည် ၁ နာရီကပြုလုပ်သည့် တိုင်းဒေသကြီး ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းတွင် လယ်ယာမြေပိုင်ဆိုင်မှု အနေဖြင့်စိုက်ပျိုးနိုင်သောမြေ (၃၀၅၂၁၄၂) ဧက၊ လယ် (၆၁၉၇၇၄) ဧက၊ယာမြေ (၂၂၃၄၉၆၅) ဧက၊ ကိုင်းကျွန်းမြေ (၁၉၀၃၈၉) ဧက၊ ဥယျာဉ်မြေ (၃၂၈၇) ဧကနှင့်တောင်ယာ (၃၇၃၆) ဧကတို့ပေါ်တွင် သီးနှံအမယ်(၆၁)မျိုးကိုစိုက်ပျိုးလျက်ရှိသည်ဟု ပြောသည်။

ဆီထွက်သီးနှံကဏ္ဍဖွံ့ဖြိုးတိုးတက်ရန် မြေပဲ၊နှမ်း၊ နေကြာအပြင် စပါးသီးနှံ ဆန်ကြိတ်ခွဲရာမှ ထွက်ရှိလာသည့် ဖွဲနုမှဖွဲနုဆီထွက်ရှိရေး၊ဝါသီးနှံမှဝါစေ့ဆီရရှိရေး၊ဆီစားသုံးမှုလျော့ချရန် ပညာပေးရေးတို့အား ကဏ္ဍအလိုက်ဆောင်ရွက်သွားမည်ဟု ပြောသည်၊

သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဆီထွက်သီးနှံကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော်မှုအဖွဲ့များအနေဖြင့် မိမိတို့ခရိုင်အတွင်း၌ (၁)နှစ်(၂)သီး ၊(၃)သီးစိုက်ပျိုးနိုင်ရန်ဆောင်ရွက်ဖို့ မှာကြားခဲ့သည်။

“ရှိပြီးသားစိုက်ပျိုးမြေတွေကို အကျိုးရှိစွာစိုက်ပျိုးကြစေလိုပါတယ်။ မိမိအနေနဲ့ စိုက်ဧကတိုးချဲ့ခြင်းထက် တစ်ဧကအထွက်နှုန်းတိုးတက်အောင်ဆောင်ရွက်တာကို ပိုပြီးအားပေးပါတယ်။ လယ်ယာစိုက်ပျိုးရေးနဲ့ဆီထွက်သီးနှံကဏ္ဍမှာ အဓိက ကြုံတွေ့နေရတဲ့အခက်အခဲတွေကို တိုင်းအစိုးရအဖွဲ့က ကူညီထောက်ပံ့ပေးရမယ့်အရာတွေနဲ့ပတ်သက်ရင် အချိန်မီတင်ပြပေးနိုင်ဖို့ဆောင်ရွက်ပေးရပါမယ်”ဟု တိုင်းဝန်ကြီးချုပ်ဦးတင့်လွင်ကပြောကြားခဲ့သည်။

မကွေးတိုင်းအတွင်း၌ စိုက်ပျိုးရေးကဏ္ဍ တိုးတက်စေရန်နှင့်လျာထားချက်ပြည့်မီကျော်လွန်စေရန်(အဓိကသီးနှံ-၁၀ မျိုး)အား မျှော်မှန်းချက်ပြည့်မီရန် အထူးအလေးထားဆောင်ရွက်လျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here