အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ၊ ကချင်အမျိုးသားကွန်ဂရက်ပါတီ နှင့် ရခိုင်အမျိုးသားပါတီတို့မှ မှတ်ပုံတင်လျှောက်ထား

0
145

အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ [Democratic Party of National Politics (DNP)]၊ ကချင် အမျိုးသားကွန်ဂရက်ပါတီ [Kachin National Congress (KNC)] နှင့် ရခိုင်အမျိုးသားပါတီ (Arakan National Party) တို့နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်များ လာရောက်လျှောက်ထားခဲ့ကြောင်း UEC မှအသိပေးထုတ်ပြန်ထားသည်။

အဆိုပါ ပါတီ ၃ ခုသည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်လိုကြောင်း မတ်လ ၂၀ ရက်တွင်လာရောက်လျှောက်ထားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၀ ရက်အထိ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၃ အရ လျှောက်ထားသော ပါတီ ၆ ပါတီရှိပြီး၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၅ အရ  ပါတီ ၂၆ ပါတီဖြစ်၍ စုစုပေါင်း ၃၂ ပါတီ ရှိပြီဖြစ်​ေကြာင်း သိရသည်။

ယင်း ၃၂ ပါတီတွင် ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့်ပါတီ ၈ ပါတီ နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခုအတွင်း၌သာ စည်းရုံးမည့် ပါတီ ၂၄ ပါတီဖြစ်ပြီး၊ အဆိုပါပါတီများကို တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်ပြုနိုင်ရေး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆက်လက်စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here