ပြည်မြို့နယ်စည်ပင်ရုံးအတွင်း၌ အသက် (၅၀)နှစ်ကျော်ခန့်ရှိ အမျိုးသားကြီး ၁ ဦးကြိုးဆွဲချသေဆုံး

0
140

ပဲခူးတိုင်း၊ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်ရှိ မြို့နယ်စည်ပင်ရုံးအတွင်း၌ မတ် ၂၃ ရက်(ယနေ့) နံနက်က ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ (ပြည်)မှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ပြည်မြို့၊ကျောင်းကြီးအိုးတန်းရပ်၊ကမ်းနားလမ်းရှိ မြို့နယ်စည်ပင်ရုံးအတွင်း၌ အမျိုးသား ၁ ဦးကြိုးဆွဲချသေဆုံးကြောင်း သတင်းအရ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

“သိရသလောက်ကတော့ စည်ပင်ဝန်ထမ်းတစ်ယောက်ပါ စည်ပင်ရုံးဝင်းထဲကအဆောက်အဦးအသေးတစ်လုံးထဲမှာကြိုးဆွဲချပြီးသေဆုံးနေတာပါ မိသားစုဝင်တွေနဲ့လည်း အဆက်အသွယ်ရပါတယ် ကျွန်တော်တို့ကတော့ သေဆုံးသူရဲ့ရုပ်အလောင်းကို ဆေးရုံပို့ပေးနေတာဖြစ်တဲ့အတွက် သူ့မိသားစုဝင်တွေနဲ့မတွေ့ရသေးတဲ့အတွက် နာမည်တော့မသိရသေးပါဘူး”မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ပြည်)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ကြိုးဆွဲချသေဆုံးသူ၏ ရုပ်အလောင်းအား တာဝန်ရှိသူများ၏စစ်ဆေးမှုပြီးနောက် ခေတ္တရာလူ ငယ်များသာရေး/နာရေးကူညီပံ့ပိုးမှုအသင်းမှနိဗ္ဗာန်ယာဥ်ဖြင့် ပြည်မြို့ပြည်သူ့ဆေးရုံကြီးရက်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here