ပြည်သူ့အဌားအိမ်ယာတည်ဆောက်ရေးစီမံကိန်း၏ ယခုလကုန်ပြီးစီးမည့် အဆောက်အဦး ၁၂၁ လုံးတွင် ပြည်သူများအား စနစ်တကျနေရာချပေးမည်

0
151

ရန်ကုန်တိုင်းအတွင်း၌ ဖော်ဆောင်လျက်ရှိသည့် ပြည်သူ့အဌားအိမ်ယာစီမံကိန်းတွင် အဆောက်အဦး ၁၂၁ လုံးမှာ ယခုလကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်း မတ် ၂၃ ရက်နေ့လည် ၁ နာရီကပြုလုပ်ခဲ့သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊အမှတ်(၇)မြို့ပတ်လမ်းရှိ စီမံကိန်းရှင်းလင်းဆောင်၌ကျင်းပရာ ပြည်သူ့အငှားအိမ်ရာတည် ဆောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်၊ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့အငှားအိမ်ရာစီမံကိန်းကြီး ကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးတက်ရောက်ခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့အငှားအိမ်ရာတည်ဆောက်ရေးစီမံကိန်းပထမဆင့်တွင် အဆောက်အဦး(၁၉၄)လုံး၊အိမ်ခန်းပေါင်း(၃၁၀၄) ခန်းပါဝင်ကာ အဆောက်အဦး(၉၅)လုံးအား တည်ဆောက်ပြီးဖြစ်ကြောင်း သိရသည်။

M & E နှင့်ဆေးသုတ်ပြီး အဆောက်အဦး(၁၁)လုံး၊အုတ်စီ၊ပလာစတာချော၊မျက်နှာကျက်၊ပြတင်းတံ ခါးလုပ်ငန်းဆောင်ရွက်ပြီး အဆောက်အဦး(၁၈) လုံး၊အမိုးမိုးပြီးအဆောက်အဦး(၂၅)လုံး၊ဒုတိယထပ် Slab လောင်းပြီးအဆောက်အဦး(၃၉)လုံး၊မြေညီထပ် Column လုပ်ငန်းဆောင်ရွက်ပြီးအဆောက်အဦး (၆)လုံးရှိသည်။

မတ်လကုန်တွင် MCEF မှတည်ဆောက်သည့်အ ဆောက်အဦး(၇၄)လုံး၊ MLCA မှတည်ဆောက်သည့်အဆောက်အဦး (၄၇)လုံး(စုစုပေါင်းအ ဆောက်အဦး ၁၂၁ လုံး)ပြီးစီးမည်ဖြစ်ကြောင်း သိရသည်။

ယခုလကုန်၌ပြီးစီးမည့် အဆောက်အဦး ၁၂၁ လုံးတွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြည်သူများအား စနစ်တကျနေရာချထားပေးသွားမည်ဖြစ်ကာ စီမံကိန်းပထမဆင့်လျာထား ချက်တွင်ကျန်ရှိသည့် အဆောက်အဦး (၇၃)လုံးကိုလည်း အမြန်ဆုံးပြီးစီးအောင်တည်ဆောက်ဖို့လုပ်​ဆောင်မည်ဟုသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here