၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းတွင် အိမ်၊ခြံ၊ မြေဈေးကွက် ပုံမှန်ပြန်ဖြစ်လာ

0
155

၂၀၂၂ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် အတက်အကျတို့ဖြင့်ဂယက်ထခဲ့သ​လောက် ၂၀၂၃ ခုနှစ်နှစ်ဆန်းပိုင်းတွင် ပုံမှန်ပြန်ဖြစ်လာ​နေပြီဖြစ်သည်။

“ ၂၀၂၂ ခုနှစ်ဇူလိုင်၊သြဂုတ်လမှာ အရောင်းအဝယ်ဖြစ်တဲ့နှုန်း များခဲ့တယ်။ နှစ်ကုန်ပိုင်းမှာ အေးတယ်။ ဒီနှစ်ဆန်းပိုင်းမှာဆိုရင်တော့ ပုံမှန်လေးပြန်ဖြစ်လာတယ်။ သင်္ကြန်ကာလမတိုင်ခင်ထိတော့ ပုံမှန်လေးသွားနေမယ်။ သင်္ကြန်တွင်းကာလမှာတော့ အေးနိုင်တယ်။ မေလမှာတော့ အရောင်းအဝယ်ပြန်ဖြစ်မယ်လို့ မှန်းထားတယ်”ဟု iMyanmarHouse မှ မန်းနေးဂျင်းဒါရိုက်တာ ဦးနေမင်းသူကပြောသည်။

လတ်တလောတွင် လူနေထူထပ်သည့် ကြည့်မြင်တိုင်နှင့် လှည်းတန်းမြို့နယ်တို့တွင် အရောင်းအဝယ်ပိုဖြစ်နေပြီး၊ မြို့တွင်း(down town) ၆ မြို့နယ်တွင် အငှားဈေးကွက် ပိုဖြစ်နေကြောင်း သိရသည်။

ယင်းအပြင် အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်လိုသူများအနေဖြင့် နောက်ပိုင်းတွင် သတ်မှတ်ချက်နှင့် ပြည့်စုံမှ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းလိုင်စင်ရမည်ဖြစ်ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကျပ်ငွေအစား အိမ်ခြံမြေ၊ ရွှေ၊ ဒေါ်လာ အစရှိသည်တို့တွင် ပိုင်ဆိုင်မှုတွေကို ရွှေ့ပြောင်းရင်းနှီးမြှုပ်နှံမှုပြုလုပ်လာကြသည့်အတွက် အိမ်ခြံမြေဈေးကွက်သည် အမြင့်ဆုံးအခြေအနေရောက်ရှိခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here