လာမည့် ၂ ရက်အတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၅ ခု၌ နေ့အပူချိန်များတိုးမည်

0
165

မြန်မာနိုင်ငံ၊မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မတ် ၂၄ ရက်(ယနေ့)နံနက် ၇ နာရီက အ သိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

မိုးဇလ၏ ထုတ်ပြန်ချက်အရ လာမည့် ၂ ရက်အတွင်း၌ ရန်ကုန်တိုင်း၊နေပြည်တော်၊မကွေးတိုင်း ၊ပဲခူးတိုင်းနှင့်ဧရာဝတီတိုင်းတို့တွင် နေ့အပူချိန်များ အနည်းငယ်တိုးလာနိုင်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ညနေအထိ စစ်ကိုင်းတိုင်း၊မန္တလေး တိုင်း၊မကွေးတိုင်း၊ကချင်ပြည်နယ်နှင့်ရှမ်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးသည်းထန်စွာရွာ သွန်းနိုင်သည်ဟုလည်း မိုးဇလကခန့်မှန်းထား သည်။

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့တွင် လှိုင်းအမြင့် ၃ ပေမှ ၆ ပေခန့်အထိရှိမည့် လှိုင်းအနည်းငယ်မှလှိုင်းအသင့်အ တင့်ရှိမည်ဟုလည်း မိုးဇလ၏ခန့်မှန်းချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here