ရမည်းသင်းမှ အသက် (၂၃) နှစ်အရွယ် မိခင်တစ်ဦး ရင်ချင်းဆက် သား ယောက်ျားလေးအမြွှာအား အောင်မြင်စွာမွေးဖွား

0
167

ရမည်းသင်းမြို့၊ ဝါတိုးအနောက်ရပ်ကွက်တွင် နေထိုင်သော အသက် (၂၃) နှစ်အရွယ် မိခင်ဖြစ်သူမှ ရင်ချင်းဆက် ယောက်ျားလေးအမြွှာအား အောင်မြင်စွာ မွေးဖွားနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးမှာ သားဦးကိုယ်ဝန်ဖြစ်ပြီး မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးတွင် မတ်လ (၂၀) ရက်က အောင်မြင်စွာ မွေးဖွားခဲ့ခြင်းဖြစ်ကြောင်း ရမည်းသင်းမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မိခင်နှင့် ကလေးများပါ ကျန်းမာရေး ကောင်းမွန်လျက်ရှိပြီး မန္တလေး ဗဟိုအမျိုးသမီးဆေးရုံကြီးရှိ မွေးကင်းစကလေး အထူးကြပ်မတ်ကုသဆောင် (NICU) တွင် ထားရှိကာ မန္တလေးဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ကုတင်(၅၅၀)ကလေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ ပူပေါင်း၍ လိုအပ်သော ကျန်းမာရေး စောင့်ရှောက်ကုသမှုများကို အနီးကပ် ပြုစုပေးလျှက်ရှိကြောင်း သိရသည်။

အဆိုပါ ရင်ချင်းဆက်အမြွှာကလေးငယ်များ၏ မိခင်ဖြစ်သူမှာ သားဦး ကိုယ်ဝန်ဖြစ်ပြီး မိခင်နှင့် ကလေး ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုခံယူခဲ့သည့်အပြင် ခရိုင်ပြည်သူ့ဆေးရုံကြီး၌လည်း သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးနှင့် ကိုယ်ဝန်စောင့်ရှောက်မှုခံယူခဲ့ကာ ကလေးအနေအထား မမှန်သည့်အတွက် ရမည်းသင်းခရိုင် ပြည်သူ့ဆေးရုံကြီးမှ သားဖွားမီးယပ်အထူးကုဆရာဝန်ကြီးက မန္တလေးဗဟို‌အမျိုးသမီး ဆေးရုံသို့ ဆက်လက်လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here