ဒဏ်ရာများဖြင့်သေဆုံးနေသည့် တက္ကစီသမား ၁ ဦးအား ဗဟန်း၊နတ်မောက်လမ်းသွယ်(၁) တွင်တွေ့၊တက္ကစီက​တော့​ပျောက်​နေဆဲ

0
193

ရန်ကုန်တိုင်း၊ဗဟန်းမြို့နယ်၊ဗိုလ်ချို(၂)ရပ်ကွက်၊နတ်မောက်လမ်းသွယ်(၁)တွင်ရှိခြံတခြံအနီးတွင် မတ် ၂၃ ရက်ညက ဒဏ်ရာများဖြင့်သေဆုံးနေသည့် အမျိုးသား ၁ ဦး၏ ရုပ်အလောင်းတွေ့ရှိခဲ့သဖြင့်မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ သယ်ယူရန်သွားရောက်ခဲ့ကြသည်။

လုံခြုံရေးအဖွဲ့ဝင်များက စစ်ဆေးမှုများပြုလုပ်ခဲ့ကြပြီး သေဆုံးသူအနီးတွင်တွေ့ရှိရသည့် ဖုန်းမှတဆင့်စုံစမ်းမှုများပြုလုပ်ရာ မိသားစုဝင်များနှင့်အဆက်အသွယ်ရရှိခဲ့သဖြင့် သေဆုံးသူသည် ကြည်မြင်တိုင်မြို့နယ်၊သီတာရပ်ကွက်သိင်္ဂီလမ်းနေသူဖြစ်ကြောင်း သိရှိခဲ့ရသည်။

ထို့ပြင် ၎င်းပိုင်ဆိုင်သည့် Cherry QQ အမျိုးအစား တက္ကစီမှာပျောက်ဆုံးနေသဖြင့် သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ခဲ့ကြပြီး သေဆုံးသူ၏ရုပ်အလောင်းအား မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ ရန်ကုန်ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here