ထိုင်းနိုင်ငံရှိ အုန်းသီးစက်ရုံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်ခဲ့သည့် မြန်မာနိုင်ငံသား ၄၃ ဦးဖမ်းဆီးခံရ

0
149

ထိုင်းနိုင်ငံရှိ အုန်းသီးစက်ရုံ၌အလုပ်လုပ်ကိုင်ရန် ခရီးသည်တင်ကားဖြင့် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၃ ဦး မတ် ၂၂ ရက်က Photharam အမြန်လမ်းတွင် ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ယင်းနေ့က ထိုင်းနိုင်ငံ Photharam အမြန်လမ်းရဲတပ်ဖွဲ့မှတာဝန်ရှိသူများသည် ထိုင်းနိုင်ငံသားတစ်ဦး မောင်းနှင်လာသည့် ခရီးသည်တင်ကားအား တားဆီးစစ်ဆေးခဲ့ကြသည်။

ကားပေါ်တွင် ထိုင်းနိုင်ငံ၌အလုပ်လုပ်ကိုင်ရန် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၂၅ ဦးနှင့်အမျိုးသမီး ၁၈ ဦးတို့အား ထိုင်းနိုင်ငံသားကားမောင်းသူနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်အရ ထိုင်းနိုင်ငံရှိ အုန်းသီးစက်ရုံ ၌အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လာခြင်းဖြစ်ပြီး ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၂၅၀၀၀ မှ ၃၀၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားကားမောင်းသူနှင့်မြန်မာနိုင်ငံသား ၄၃ ဦးအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် သက်ဆိုင်ရာရဲစခန်းသို့ ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here