​ကျောက်မျက်ပွဲမှကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့်ကျောက်မျက်အတွဲ ၇၇ တွဲဝယ်သူသွား

0
84

နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ကျင်းပခဲ့သည့် (၅၈)ကြိမ်မြောက် မြန်မာ့ကျောက် မျက်ရတနာပြပွဲ တပတ်တာအတွင်း ကျောက်စိမ်းအတွဲ ၁၅၄၄ တွဲ၊ ပုလဲအတွဲ ၂၉၀ နှင့်ကျောက်မျက်အတွဲ ၇၇ တွဲအားရောင်းချနိုင်ခဲ့သည်။

ပြပွဲတွင် ပြည်တွင်း၊ပြည်ပ ရတနာကုန်သည်များအား အိတ်ဖွင့်တင်ဒါစနစ်ဖြင့် မတ် ၁၈ ရက်နှင့် ၁၉ ရက်တို့က ပုလဲအတွဲပေါင်း ၂၉၅ တွဲကို ရောင်းချရာ ၂၉၀ တွဲဝယ်ယူသွားကြသည်။

မတ် ၂၀ ရက်တွင်ကျောက်မျက်အတွဲပေါင်း ၁၂၀ ကို ရောင်းချရာ ၇၇ တွဲ၊ မတ် ၁၇ ရက်မှ ၂၁ ရက်အထိကျောက်စိမ်းအတွဲပေါင်း ၂၁၅၀ ကို ရောင်းချပေးခဲ့ရာ ၁၅၄၄ တွဲတို့ရောင်းထွက်သွားခဲ့သည်။

ပုလဲအတွဲများ၏ ကြမ်းခင်းဈေးအား အမေရိကန်ဒေါ်လာဖြင့်သတ်မှတ်ခဲ့ပြီး ပြည်ပရတနာကုန်သည်များမှာ အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်၊ဘတ်၊ ပြည်တွင်းရတနာကုန်သည်များမှာ ဈေးကွက်ပေါက်ဈေးနှင့်ညီမျှသည့် မြန်မာကျပ်ငွေတို့ဖြင့်ပေးချေခဲ့ကြသည်။

ကျောက်မျက်၊ကျောက်စိမ်းတွဲများအတွက် ကြမ်းခင်းဈေးအား ယူရိုငွေဖြင့်သတ်မှတ်ထားကာ ပြည်ပရတနာကုန်သည်များမှာ အမေရိကန်ဒေါ်လာ၊ယူရို၊ယွမ်၊ဘတ်၊ ပြည်တွင်းရတနာကုန်သည်များက ယူရိုငွေနှင့်ညီမျှသည့် မြန်မာကျပ်ငွေတို့ဖြင့်ပေးချေခဲ့ကြသည်။

နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေရရှိရန်နှင့်နိုင်ငံသားများအတွက် စီးပွားရေးအကျိုးဖြစ်ထွန်းမှုများရရှိနိုင်စေရန် တူးဖော်ထုတ်လုပ်ထားသည့်ကျောက်မျက်ရတနာများကိုရောင်းချသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲများအား (၅၈) ကြိမ်မြောက်အဖြစ် မဏိရတနာကျောက်စိမ်းခန်းမ၌ မတ် ၁၇ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here