ဗန္ဓုလပန်းခြံဘေးနှင့် ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်ရှိမည်

0
109

ဧပြီလတွင် ကျင်းပမည့် သင်္ကြန်ပွဲတော်တွင် ဗန္ဓုလပန်းခြံဘေးနှင့် ပြည်သူ့ရင်ပြင်တွင် လမ်းလျှောက်သင်္ကြန်ထည့်သွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် ထူးထူးခြားခြားအနေဖြင့် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်အပြင် ပြည်သူ့ရင်ပြင်တွင်လည်း မဟာသင်္ကြန်မဏ္ဍပ်ထိုးပြီး တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ ပါဝင်မည်ဖြစ်ကာ ဗဟိုမဏ္ဍပ်ကြီးတစ်ခုအပါအဝင် ဌာနဆိုင်ရာမဏ္ဍပ် ၁၀ ခုနှင့် လမ်းလျှောက်သင်္ကြန်လည်းပါဝင်မည်ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်နှင့် ရန်ကုန်မြို့တော်ခန်းမရှေ့တို့တွင် သင်္ကြန်မဏ္ဍပ်များကို စတင်ဆောက်လုပ်လျက်ရှိကြောင်း၊ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ခရိုင်အလိုက်ရေကစားမဏ္ဍပ်များ၊ ယိမ်းအကဖျော်ဖြေမှုများကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ရေကစားမဏ္ဍပ်များတည်ဆောက်လိုသူများအနေဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ရေကစားမဏ္ဍပ်များ လာရောက်လျှောက်ထားလျက်ရှိကြောင်း၊ ယင်းအပြင် ပြည်သူ့ရင်ပြင်ရှိ ဗဟိုမဏ္ဍပ်တည်ဆောက်မှုသည် ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကာ ရေကစားချိန်ကို နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီထိနှင့် မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီထိ သတ်မှတ်ထားကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here