နိုင်ငံအသင်းအတွက် ပွဲအများဆုံး ကစားသူအဖြစ် စံချိန်သစ်ထပ်ရခဲ့တဲ့ စီရော်နယ်ဒို

0
124

အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့ စီရော်နယ်ဒိုကတော့ အသက်အရွယ်ကြီးရင့်လာပေမယ့် စံချိန်သစ်တွေ ယူပြီးရင်း ယူနေစဲပါပဲ။

ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖြစ် လီချင်စတိန်း အသင်းနဲ့ ပွဲစဥ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါ၀င်ခဲ့ပြီး အခုဆိုသူဟာ နိုင်ငံအသင်းအတွက် ပွဲအများဆုံး ကစားသူအဖြစ် စံချိန်သစ်ထပ်ရခဲ့ပါပြီ။

စီရော်နယ်ဒိုဟာ ၂၀၀၃ ခုနှစ်တုန်းက ကာဇက်စတန် အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ လူးဝစ် ဖီဂို ရဲ့ နေရာကို လူစားဝင်ကစားခဲ့ပြီး သူ့ရဲ့ စီနီယာ လက်ရွေးစင် ကစားသမားဘဝကို အစပြုခဲ့ကာ လီချင်စတိန်း အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီးနောက် လက်ရွေးစင် ပွဲ ၁၉၇ ပွဲနဲ့ ဖီဖာ သမိုင်းတလျောက် လက်ရွေးစင်ပွဲ အများဆုံး ကစားသူဆိုတဲ့ စံချိန်ကို ထပ်မံ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ယူရို ၂၀၂၄ ခြေစစ်ပွဲ အဖြစ် လီချင်စတိန်း အသင်းနဲ့ ပွဲစဉ်မှာလည်း ပေါ်တူဂီ အသင်းက ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ကာ စီရော်နယ်ဒိုက ၂ ဂိုး သွင်းယူနိုင်ခဲ့ကာ သွင်းဂိုး ၁၂၀ နဲ့ နိုင်ငံတကာ သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ဦးဆောင်နေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here